Max's sharing
အင်္ဂလိပ်စာလေ့လာတဲ့အခါ Grammar Pattern တွေ အလွတ်ကျက်ပြီး မှတ်နေရတုန်းဆိုရင် 👇
◽ သင်လိုက်တဲ့ grammar တွေ အများကြီးပေမယ့် ပုံစံများလာတဲ့အခါ ရော လာတတ်ပါတယ်။ တခါတ လေ ပုံစံ တွေကြီးပဲ့ မှတ်ပြီး သူရဲ့ အသုံးပြုတဲ့ အနေအထားတွေ ကို နားမလည်တဲ့အခါ grammar က ရှုပ်
နေ မှာ ဖြစ်ပါတယ်။
◽ဘာသာစကား လေ့လာတဲ့ပညာရှင် တွေ အကြံပြုထားတဲ့အချက်တွေကို ကျွန်တာ်နဲ့အတူ လေ့လာရအောင်...🎉
နံပါတ်(၁) ပုံမှန် စာဖတ်ခြင်း
◽ အင်္ဂလိပ် ပုံပြင်၊ ဝတ္တု၊ ဆောင်းပါး၊ မဂ္ဂဇင်း အစရှိတဲ့ အင်္ဂလိပ်လို ရေးသားထားတဲ့ စာ တွေနဲ့ ရင်နှီးမှုရှိလာအောင် စာဖတ်ရပါမယ်။ ကိုယ့် ရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ ကိုက်ညီတဲ့ စာကို ဦးစားပေးဖတ်သင့်ပါတယ်။ စာဖတ်ရာမှ တစ်ဆင့် မိမိသင်ယူထားတဲ့ grammar ကို ဝါကျတွေထဲမှာ ဘယ်လို သုံးထားလဲဆိုတာ နားလည်သ ဘောေပါက်လာမှာ ဖြစ်ပါတယ်။
နံပါတ်(၂) အ ခြေခံ သဒ္ဒါ ပိုင် အောင် လုပ်ခြင်း
◽အင်္ဂလိပ် grammar ရဲ့အ ခြေခံ စည်းမျဉ်းများ ကို ခြေခိုင် အောင်လုပ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် ဆက်သွယ်ေပြာဆိုရေးသားနေ သော ဘာသာစကားများဟာ basic level ရာခိုင်နှုန်းများစွာ ပါဝင်လျက်ရှိပါတယ်။
Dr. Soe Than ရေးသားထားတဲ့ "English Grammar ဘယ်လောက်တတ်ဖို့လိုလဲ"ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်👇
https://www.facebook.com/share/p/158kh77jNx/
နံပါတ်(၃) မှတ်စုစာအုပ်ထားခြင်း
◽ Self-study လုပ်နေတဲ့သူများအတွက် စာဖတ် နေရင်း မသိနားမလည်ေသာ grammar ပုံစံများ ပါလာ ပါက online မှာ တစ်ဆင့် Cambridge grammar, British Council, Grammarlyစတဲ့ website တွေကနေ grammar patternရဲ့ အသုံးပြုမှု နဲ့ ပုံစံကို လေ့လာပြီး မိမိနားလည်သလို မှတ်စုမှတ်ထားခြင်းဖြစ်ပါတယ်။
လိုအပ်ပါက ပြန်လည် ကြည့်နိုင်ပြီး review ထပ်ခါ ထပ်ခါ လုပ်နိုင်ပါတယ်။
နံပါတ်(၄) ဒိုင်ယာရီ ရေးခြင်း
◽ လေ့လာထားတဲ့ Grammar ပုံစံ ကို မိမိရဲ့ နေ့စဉ် diary ထဲတွင် သုံးပြုပြီး စာရေးကြည့်ပါ။ စိတ်ခံစားချက်တွေ၊ရည်မှန်းချက်တွေ၊ အဖြစ်အပျက် တွေ ကို ရေးနိုင်ပါတယ်။
ဥပမာ- ဖြစ်ပျက်ထားတဲ့ဟာတွကို ရေးတဲ့အခါ past tense တွေကို သုံးပြုပြီး ရေးနိုင်ပါတယ်။
နံပတ်(၅) Quizzes
◽ လေ့လာပြီးတဲ့ grammar တွေကို Ai သုံးပြီး မေးခွန်း မေးခိုင်းခြင်းဖြစ်ပါတယ်။
Google ကနေ တစ်ဆင့်လည်း English quiz website များမှလည်း ပျော်ရွှင်စရာဂိမ်းတွေ ကစားပြီး လေ့လာနိုင်ပါတယ်။
Max's sharing
Never late to start!
12/04/2025
🫧🌊သင်္ကြန်မှာ အင်္ဂလိပ်စာ လေ့လာမယ် အစီစဉ်က နေ ကြိုဆိုပါတယ်
စိန်ခေါ်မှု မရှိဘဲ တိုးတက်နိုင်ပါမလား။
Self study လုပ်နေတဲ့သူတွေအတွက် သင့်တော်တဲ့ အစီစဉ် လေး ဖြစ်ပါတယ်။
◽Writing skillအတွက် အဓိကထားပြီး တီထွင်ဖန်တီးနိုင်စွမ်းရည်နဲ့ ဝေါဟာရစကားလုံး ကြွယ်ဝတိုးတက်လာမှာ ဖြစ်ပါတယ်။
◽ပါဝင်တဲ့ သူများ အနေနဲ့
နံပါတ်(၁) ပေးထားတဲ့ အင်္ဂလိပ်စာ ဆောင်းပါး တွေ ကို တစ်နေ့တစ်ပုဒ် ဖတ်ရမှာ ဖြစ်ပါတယ်
နံပါတ်(၂) ဖတ်နေရင်း စကားလုံးသစ်များကို မှတ်စုစာအုပ်ထဲ တွင် ရေးမှတ်ရပါမယ်။
နံပါတ်(၃) စကားလုံးကို ရေးမှတ်တဲ့အခါ သူရဲ့ ကိုယ်ပိုင်အဓိပ္ပာယ် နဲ့ ဉပမာ စာကြောင်းများကို ရေးရပါမယ်။ ထိုသို့ ရေးတဲ့အခါ Oxford, Cambridgeနဲ့ longman dictionary များကို ကိုးကားနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာ dictionary ကိုလည်း သုံးပြုနိုင်ပါတယ်။
နံပါတ်(၄) စကားလုံးသစ် တွေကို သုံးပြုပြီး ကိုယ်ကိုယ်တိုင် story တစ်ခုခု ကို ဖန်တီးရေးသားရမှာ ဖြစ်ပါတယ်။
ဒီ challenge လေး ကို join ချင်တယ်ဆိုရင် Edulab telegram channel ကို join ထားနိုင်ပါတယ်။
https://t.me/max_sharing
Challenge လေးကို လုပ်နိုင်ပါက English speaking လေ့ကျင့်ကြမယ့် အစီအစဉ်ကို join လို့ ရနိုင်ပါတယ် ခင်ဗျား🎉💯။
တခါတလေ ကိုယ်နေတဲ့ဝန်းကျင်မှာပဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားထဲ ဒါမှမဟုတ် မိသားစုထဲမှာပဲ့ဖြစ်ဖြစ်
တစ်ခုခု လုပ်နေတဲ့အခါ သူတို့ရဲ့ အကူအညီမပါဘဲနဲ့ လုပ်လိုက်ရတဲ့အခြေအနေတွေ ကြုံရတတ်ပါတယ်။ ဒီလိုမျိုး " လက်ကလေးတစ်ချောင်းတောင် ပင့်ဖော်မရဘူး" ဆိုတာကို အင်္ဂလိပ်ဘာသာစကားမှာတော့
" Never lift a finger" လို့ သုံးပါတယ်။
◾Meaning
To do nothing to help ( ဘာမှမကူညီဘူး)
Example sentences
- She never lifted a finger around the house.
( အိမ်မှာလေ နည်းနည်းလေးမှ ကူညီဖော်မရဘူး)
-They will not lift a finger to help their country.
( တိုင်းပြည်တာဝန်ကို ထမ်းမှာလည်းမဟုတ်ပါဘူး)
-I know you're watching TV, but can you perhaps lift a finger and help me bring in these grocery bags?
(Tvကြည့်နေတာ ငါသိပါတယ်၊ ဒါမယ့် ဖြစ်နိုင်ရင် အထုတ်လေးတွေ တစ်ချက်ကူပေးလို့ရလား)
🔗Now! Make your own sentence
🔗 Stay active and follow
Max's sharing
"ဝလာလိုက်တာ(You are fat)" ကို ယဉ်ယဉ်ကျေးကျေး ဘယ်စကားလုံးကို သုံးနိုင်သေးလဲ။
English language မှာ fat (adj) ဝသော စကားလုံး သည် နည်းနည်းလေး မယဉ်ကျေးသလို သက်ရောက်မှုရှိပါတယ်။
ဘယ်လိုစကားလုံးတွေက တစ်ဖက်သူအပေါ် နာဝင်ချိုစေသလဲ။
🔸plump
- having a pleasantly soft, rounded body or shape.
E.g. He's got rather plump since I last saw him.
( နောက်ဆုံးတွေ့ခဲ့တုန်းကထက် ဝလို့လှလို့ ဖြစ်လာတယ်)
* Get rather plump ( နည်းနည်းလေး ဝလာတယ်)
🔸 stout
- fat and solid-looking, especially around the waist.
(တုတ်တုတ်လေးနဲ့ ဝနေတာမျိုးပေါ့)
Mrs Blower was the stout lady with the glasses.
( Mrs Blower က မျက်မှန်လေးနဲ့ ဝဝကစ်ကစ်လေး...)
🔸a bit overweight ( နည်းနည်းလေး ဝိတ်တက်နေတာ-ကျန်မားရေးအရ)
I have got a bit overweight because I ate high protein food for building muscle.( အသားဓါတ်ပါတဲ့အစားစာတွေ စားတာကြောင့် ဝိတ်တက်နေတာ)
🔸Plump
🔸 Stout
🔸A bit overweight
Learn new words with me ✅
Max's sharing
Click here to claim your Sponsored Listing.
Category
Website
Address
14011