Holiday's Su
26/03/2026
ဝဋ် ကြောင့်ဖြစ်စေ
လက်ရှိ ကိုယ့်ရဲ့ လုပ်ရက်တွေကြောင့်ဖြစ်စေ
စိတ်ရောကိုယ်ပါ နာကျင်ရခြင်းတွေမှ
အိပ်မရတဲ့ညတွေကင်းဝေးပြီး
သိပ်ချစ်ရတဲ့သူတွေနဲ့လွတ်မြောက်ပါစေ
ပျော်ရွင်စွာ လျှောက်လှမ်းနိုင်ပါစေ
တောင်းတမှုဆိုတာ မရှိပဲ
ကိုယ့်မှာ ရှိတဲ့အရာလေးတွေနဲ့
ပြီးပြည့်စုံနိုင်ပါစေ
တမ်းတမ်းတတ ဖြစ်နေတာမျိုးတွေ မဟုတ်ပဲ
အရာရာဟာ သူ့အလိုလို ရောက်ရှိလာပါစေ
လိုချင်တာတွေနဲ့ ရရှိလာတာတွေက
တစ်ထပ်ထဲ ကျရပါစေ
စိတ်ထဲရှိတဲ့အတိုင်း ကြိုဆိုနေတာမလို့
စိတ်ရင်းရှိတဲ့အတိုင်းလေး ပြန်ရ ရပါစေ
ရောက်ရှိတဲ့အရပ်မှာ
နွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ ဆုံရပြီး
အေးချမ်းသော ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ။
Holiday's Su
17/03/2026
ပိုင်ဆိုင်ရခြင်း ဝေးကွာခြင်းတွေကိုခဏထား၊
မင်းကိုဆုံတွေ့ခဲ့လို့သာ
ငါဟာ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာခဲ့တာပါ။
ဒီအရာနဲ့တင် မင်းကို ချစ်မြတ်နိုးသွားဖို့ထိုက်တယ်ပါတယ်။
လုံလောက်ပါတယ်။
'sSu
#အညိုရောင်မေပလ်ရွက်လေးများသို့
Click here to claim your Sponsored Listing.