Min Myanmar Construction
13/06/2024
မင်းမြန်မာ ရဲ့ PAE အကြမ်းထည် Package မှာ ဘာတွေပါမလဲ?
✅ပထမဦးဆုံး လူကြီးမင်းတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့ဖြစ်လာအောင် Professional Consultant တွေနဲ့ တိုင်ပင်ဆွေးနွေးပေးပြီး ခန်းဖွဲ့တွေ၊ ဘယ်နေရာမှာ ဘာတွေထားကြမလဲဆိုတဲ့ Floor Plan လေး အခမဲ့ ရေးဆွဲပေးပါမယ်။
✅ပြီးရင်တော့ အဆောက်အဦးဆောက်လုပ်မယ့်မြေနေရာကို ကွင်းဆင်းစစ်ဆေးခြင်း၊ မြေသားကြံ့ခိုင်မှု စစ်ဆေးခြင်း စတဲ့ လုပ်ငန်းရပ်လေးတွေ လုပ်ဆောင်ပေးပါမယ်။
✅ဒီလိုကိစ္စလေးတွေပြီးလို့ အဆင်ပြေပြီဆိုတာနဲ့ Contract ချုပ်ပြီး လူကြီးမင်းတို့ လိုချင်တဲ့ အဆောက်အဦး Drawing ၊ Structure Drawing တွေကို Professional တွေနဲ့ ရေးဆွဲတွက်ချက်ပြီး အကောင်အထည်ဖော်ကြပါမယ်။
✅ဒီအချိန်မှာ တစ်ဖက်ကနေ အဆောက်အဦး ဆောက်လုပ်ခွင့်က စလို့၊ စည်ပင်နဲ့ ပတ်သက်တဲ့ Documentation တွေကို မင်းမြန်မာမှ ဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်။ ဝန်ဆောင်ခပေးစရာမလိုဘဲ ကျသင့်မယ့် ကုန်ကျစရိတ်တွေသာ ကျခံရမှာဖြစ်ပါတယ်။
✅Drawing တွေလည်း စိတ်တိုင်းကျပြီ၊ Preparation Phase တွေ အကုန်ပြီးပြီဆိုတာနဲ့ မြေသန့် ၊ ပန္နက်ရိုက်ပြီး လုပ်ငန်းစတင်ကြပါမယ်။
✅အကြမ်းထည် Package လေးမှာတော့ မြေတူးခြင်း၊ Foundation လုပ်ငန်း၊ မြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ Plinth level ချိန်ညှိပေးခြင်း၊ Colum ၊ Beam ၊ ကြမ်းခင်းများ Slab လောင်းခြင်း၊ လှေကားခွင်လုပ်ငန်း၊ အမိုးလုပ်ငန်း၊ အုတ်စီချော လုပ်ငန်း၊ topping လောင်းခြင်း၊ မိလ္လာကန် တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းစဥ်လေးတွေ ပါဝင်မှာဖြစ်ပါတယ်။
✅Structure ပိုင်း အာမခံ အနေနဲ့လည်း နှစ်(၅၀) ပါဝင်မှာဖြစ်ပါတယ်။
✅အရည်အသွေးနဲ့ ကြံခိုင်မှု၊ လုပ်ငန်းဆောင်ရွက်ပုံတွေအတွက်
- Site တာဝန်ခံ အင်ယာမှ နေ့စဥ် Report တင်ပေးခြင်း၊
-၂၄ နာရီ Security ထားရှိပေးခြင်း၊
- Site Engineer တစ်ဦး Stand By ထားရှိပေးခြင်း စတဲ့ အချက်လေးတွေကြောင့် လူကြီးမင်းတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ "မင်းမြန်မာ" နဲ့ လက်တွဲဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
တိုင်ပင်ဆွေးနွေးရန်
🚀09 781 851 459
🚀09 420 173 082 သို့
(၂၄) နာရီ အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါပြီ။
💒ရုံးခန်းလိပ်စာ - အမှတ် ၄၇၈၊ ညောင်ရမ်းလမ်း၊
ရွှေပေါက္ကံမြို့နယ်၊ ရန်ကုန်မြို့။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Dagon
11415