Baby7
31/03/2026
မူဆာဒီယာဘီကို ခေါ်ယူဖို့ကြိုးစားမယ့်
အင်တာမီလန်✅✅✅
လီဗာပူးအသင်းနဲ့ ရာသီအကုန်မှာ လမ်းခွဲတော့မယ့် မိုဟာမက်ဆာလာသာ အယ်အီတီဟတ်ကိုရောက်ရှိလာခဲ့ပါက အယ်အီတီဟတ်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ မူဆာဒီယာဘီကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ကြိုးစားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ပီးခဲ့တဲ့ ဇန္နဝါရီအပြောင်းရွေ့မှာလည်း အင်တာမီလန်အသင်းဟာ ဒီယာဘီကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးတာဖြစ်ပါတယ်
28/03/2026
ဘာစီလိုနာအတွက် ရာဖင်ညာရဲ့ဒဏ်ရာက သတင်းဆိုးလား💔💔💔
နိုင်ငံလက်ရွေးစင်အသင်းအတွက် ပြင်သစ်နဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ပီးနောက် ဒဏ်ရာပြသနာကြောင့် ဒုတိယပိုင်းအစမှာကတည်းက လူစားလဲခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာရဲ့ဒဏ်ရာဟာ ထင်ထားတာထက်ပိုမိုပြင်းထန်ခဲ့ပီး ဘာစီလိုနာရဲ့ ချန်ပီယံအိမ်မက်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။ဘာစီလိုနာအသင်းဟာ ရာဖင်ညာမပါဝင်နိုင်တဲ့ ပထမရာသီဝက် ပွဲစဉ်အချို့မှာ ရလဒ်ဆိုးခဲ့ပီး ရီရဲရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါသေးတယ်။နိုင်ငံပွဲစဉ်အပီး အရေးကြီးတဲ့ အေတီကိုနဲ့ လာလီဂါပွဲစဉ်၊ချန်ပီယံလိဂ်နှစ်ကျော့စလုံးကို လွဲချော်မှာ ဖြစ်သလို၊ချန်ပီယံလိဂ်မှာ အေတီကိုကိုကျော်ဖြတ်နိုင်ခဲ့ပါက ဆီမီးဖိုင်နယ် ပထမအကျော့အထိပါ လွဲချော်သွားနိုင်တာ ဖြစ်ပါတယ်။
Get Well soon Raphinha🙏🏻🙏🏻🙏🏻🙏🏻
28/03/2026
စီးတီးကနေထွက်ခွါတော့မှာလား ဖိုဒန်❌❌❌
မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်လူ ဖိုဒန်ဟာ ရာသီအကုန်မှာ မန်ချက်စတာစီးတီးကနေ ထွက်ခွာဖို့ စဉ်းစားနေပီလို့ သိရပါတယ်။ဖိုဒန်ဟာ မန်ချက်စတာစီးတီးရဲ့ နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ အရန်ခုံထိုင်ခဲ့ရပီး၊အာဆင်နယ်နဲ့ ခရာဘောင်းဖလား ဗိုလ်လုပွဲစဉ်မှာလည်း မိနစ်အနည်းငယ်သာ ကစားခွင့်ရရှိခဲ့ပီးနောက် သူ့ရဲ့အခြေအနေကိုစိတ်ပျက်လျှက်ရှိနေပါတယ်။စာချုပ်သစ်အတွက် သဘောတူညီမှု့မရသေးချိန် ဖိုဒန်ရဲ့ အနာဂါတ်ဟာ စိတ်ဝင်စားစရာကောင်းနေပီဖြစ်ပါတယ်။ဆက်စပ်သတင်းတွေအရ မနေ့ညက ခြေစမ်းပွဲစဉ်မှာ ဉရုဂွေးနောက်ခံလူ အာရူဂျိုရဲ့ ဖျက်ထုတ်မှု့ကြောင့် ဖိုဒန်ဟာ ကမ္ဘာ့ဖလားနဲ့လွဲချော်သွားဖို့ရှိနေပါတယ်💔💔💔
Click here to claim your Sponsored Listing.