Bhamo Foundation

Bhamo Foundation

Share

Photos from Bhamo Foundation's post 06/09/2025

ချင်းတုံးဆန်မှ စားတတ်ကြတဲ့ ဗန်းမော်သူ/သားတွေများအတွက် 🤗

တစ်အိမ်ထောင်စုစီကို
ဆန်(၃)ပြည် နဲ့ ဆီ (၅၀)သား (၁)ဘူးစီ ကျ

ပြင်ဦးလွင်မြို့ ၊ ပြင်စာ
လက်ပံကုန်း ရိပ်သာလမ်း သီရိမဂ်လာ ကျောင်းတိုက်မှာ
အများဆုံးစုစည်းနေထိုင်ထားကြတဲ့ ဗန်းမော်စစ်ရှောင်မိသားစုများဖြစ်ကြတဲ့ ကျောင်းဆရာ/ဆရာမဟောင်းများ၊ သက်ကြီးရွယ်အိုနဲ့ ဆွေမျိုးမိတ်ဆွေများ
ဗန်းမော်မြို့ မှ ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းမှ တရားမျှဝေကာ ရပ်မိရပ်ဖ ဘဘမှ စစ်ရှောင်များအားလုံးကိုယ်စားကျေးဇူးစကားပြောကြားပေးပါတယ်။

လက်ပံကုန်းကျောင်း မှ အိမ်ထောင်စု (၆၅)စု
ဇီးပင်ကုန်း (၁၀)စု
ရွှေကျောင်း (၃)စု
အလင်းရောင်ကျောင်းဘေး (၃)စု
အပြင်ပြန့်ကျဲ (၂)စု

စုစုပေါင်း အိမ်ထောင်စု (၈၃)စု စာ အပြင်

ဆန်အိတ်(၁၁)အိတ် - ကာလ တန်ဖိုး
၁ အိတ် - ၉သောင်းကျပ် စုစုပေါင်း
(၉၉၀,၀၀၀) ကျပ်
ဆီ (၅၀)သား ဘူး (၆၃၀၀)* ၈၃ = ၅၂,၂၉၀၀ ကျပ်
ကားဆီဖြည့်ခ - ၅၀,၀၀၀ ကျပ်နဲ့
အဖွဲ့သားများကို အဆာပြေ မုန့်နဲ့ အအေးတိုက်- ၅၀,၀၀၀ကျပ်
အိတ်နဲ့ အခြား အသုံးစရိတ် -၁၈၅၀၀ ကျပ်

စုစုပေါင်း - ၁,၆၃၁,၄၀၀ ကျပ်
အသုံးပြုထားပါတယ်။

ဩဂုဏ်လ (၃၁)- တနင်္ဂနွေနေ့ရဲ့ ပြင်ဦးလွင် အလှူကို
ဗန်းမော်မြို့မှ ကားဆရာ ကိုမြတ်ကိုကို မှ

အလှူပြု ဒါနအနေနဲ့ ပြင်ဦးလွင်ထိ မောင်းပြီး
အလှူဖြစ်မြောက်ဖို့ ကူညီပေးထားပါတယ်။ 

ကားဆရာ မြတ်ကိုကိုကို ကျေးဇူးတင်စကား ပြောရင်း ဒီတပတ်မှာ လာကူပေးကြတဲ့ Volunteer အကို၊ အမ
မောင်လေး နဲ့ ညီမလေးများကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။

နောင်တပတ်မှာ မန်းလေးမှာ ပြန့်ကျဲအိမ်ထောင်စု အလှူလေး ထပ်ရှိပါမယ်။

နောက်ဆုံးပုံလေးကတော့ ဘုန်းဘုန်းကကျွေးတဲ့ နေ့လည်စာလေး အားရပါးစားနေကြတာလေးပါ။

🍀Bhamo Foundation 🍀🍀

Photos from Bhamo Foundation's post 26/07/2025

ဗန်းမော်စစ်ရှောင် ကလေးတွေနဲ့ မိသားစုများတဲ့ ရန်ကုန်မြို့နားက

📍ပညာတံခွန် ပညာဒါနနဲ့ စစ်ရှောင်စခန်းကျောင်းပါ

လက်ရှိမှာ ကျွန်မတို့ Bhamo Foundation က စိတ်အားတက်ကြွပြီး စေတနာဝါသနာပါလွန်းတဲ့
ကလေးနှစ်ဦးနဲ့ပဲ မန္တလေးကနေ ရန်ကုန်ထိ
အဝေးပြေးလက်မှတ်ဖြတ်

လာလှူဖို့ လျှောက်ထားရင်
လိုအပ်တာလေး အသေးစိတ် မေးမြန်းရင်း
မှတ်တမ်းတင်ထားတာလေးပါ

လှူချင်သူများ Kpay - 09881453492

Daw Aye Aye Thi အကောင့်ကို
တိုက်ရိုက်လှူနိုင်ပါတယ်

ဆန်၊ ဆီ ၊ ထင်း နဲ့ ကလေးတွေ အတွက် စာအုပ်လှူဖို့ရှိပါတယ်။ ကျောင်းရဲ့ လိုအပ်တာလေးတွေကို ပြောပြထားတဲ့ Video လေးပါ တင်ပေးပါဦးမယ် ရှင့် 😊

Want your organization to be the top-listed Non Profit Organization in Banmaw?
Click here to claim your Sponsored Listing.

Telephone

Website

Address

Banmaw