Interim Adminstrative Council -Banmaw TU
02/05/2022
04/03/2022
အသိပေးထုတ်ပြန်ကြေညာခြင်း
ရက်စွဲ။ ။ မတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်။
လတ်တလော လူမှုကွန်ရက်မီဒီယာပေါ်တွင် ဝေဖန်မှုများမြင့်တက်လျက်ရှိသော Photoshop Foundation Course နှင့်ပတ်သက်၍ အများပြည်သူ၊ ကျောင်းသား၊ကျောင်းသူများ နားလည်မှုလွဲနေသည်ကိုသိရ၍ အဆိုပါဖြစ်စဉ်အား မိမိတို့ နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်အနေဖြင့် အသိပေးတင်ပြလိုပါသည်။
မိမိတို့ကွန်ရက်သည် ကွန်ရက်စတင်တည်ထောင်စဥ်ကချမှတ်ခဲ့သည့် မူဝါဒ၊ လုပ်ငန်းစဥ်များနှင့်အညီ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး တော်လှန်ရေးကို နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေမည့် သင်တန်းတိုများ၊ ဆွေးနွေးပွဲများ အစရှိသည့် ကြားကာလပညာရေးအစီအစဥ်များကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဖြင့် ပူးပေါင်းလျက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကြေညာထားသည့် Photoshop Foundation Course သည်လည်း မိမိတို့ နည်းပညာတက္ကသိုလ်စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်မှ စီစဥ်ဖွင့်လှစ်သော သင်တန်းများထဲမှ တစ်ခုဖြစ်ပါသည်။
ဤသင်တန်းကို တော်လှန်ရေးအတွက် တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေပြီး ကျောင်းသား၊ ကျောင်းသူများ လည်း အသိပညာရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
မိဘပြည်သူ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဤအထင်အမြင်လွဲမှားနေသည့်ကိစ္စအား သဘောပေါက် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။ ပြည်သူလူထုအနေဖြင့် တော်လှန်ရေးကာလတွင် မိမိတို့တတ်နိုင်သည့်ဘက်ပေါင်းစုံမှ အပြုသဘောဆောင်၍ ပူးပေါင်းပါဝင် ကူညီပေးကြပါရန်လည်း လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
Ref;
https://www.facebook.com/109386154653912/posts/285508037041722/
14/02/2022
🔹 တတိယနှစ်နှင့် အထက် အီလက်ထရွန်းနစ်အင်ဂျင်နီယာကျောင်းသား၊သူများ ၊မြို့ပြအင်ဂျင်နီယာကျောင်းသား၊သူများနှင့် စက်မှုအင်ဂျင်နီယာကျောင်းသား၊သူများ သိရှိစေရန်
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အရေးပေါ်ကာလအခြေအနေတွင် အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသား များ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
မတ်လ ၅ ရက် - ၂၀၂၂ ခုနှစ် - မြန်မာစံတော်ချိန် ညနေ ( ၁:၃၀) နာရီ
“Autodesk Inventor 3D Software 2021”
သင်တန်းစတင်မည့်ရက် - မတ် ၅ ရက် - ၂၀၂၂ခုနှစ်
သင်တန်းကာလ - ၃ လ
သင်ကြားမည့်ပုံစံ - ပထမဆုံးရက်တွင် Zoom Meeting ဖြင့် သင်တန်းနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် အချက်များ၊ Software Install လုပ်ရမည့် နည်းလမ်းများ၊ သင်တန်းစည်းကမ်းများ အစရှိသည် တို့အား ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ကျန်ရက်များတွင် Facebook Closed Group တွင် Video Lectures များဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းလိုအပ်ချက် - Assignment များ သတ်မှတ်ချိန်အတွင်း ပြန်လည် တင်ပေးရန်၊ Autodesk Inventor 1 Software Install လုပ်နိုင်မည့် Laptop or Desktop Computer (Core i5, 8GB Ram) တစ်လုံးရှိရန်နှင့် အင်တာနက် ရရှိရန် လိုအပ်ပါမည်။
“Autodesk Inventor” သည် mechanical components design နှင့် Skids 3D model အတွက် အဓိက သုံးသော 3D modelling software ဖြစ်ပြီး product design အပြင် food industry, chemical industry and pharmacy တွင် အသုံးအများဆုံး software တစ်ခု ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ်များမှ တတိယနှစ်နှင့်အထက် စက်မှုအင်ဂျင်နီယာ၊ မက္ကာထရောနစ် အင်ဂျင်နီယာ၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာနှင့် မြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။
အောက်ဖော်ပြပါ Link သို့ ၀င်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
Register in advance for this short course
https://us02web.zoom.us/webinar/register/WN_YQhUfEQvS8qPA14LbuJyoQ
After registering, you will receive a confirmation email containing information about joining the course.
13/02/2022
အမိန့်ကြေညာချက် ( ၀၂/ ၂၀၂၂ ) ။
နည်းပညာတက္ကသိုလ် ( ဗန်းမော် )၊ ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပေးအပ်ထားသော အခွင့်အာဏာကို အသုံးပြု၍ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများကို ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲခဲ့သော စည်းမျဉ်းဥပဒေများအရ အောက်ဖော်ပြပါ ကျောင်းသား/သူများသည် တက္ကသိုလ်ကောင်စီ၏ နည်းဥပဒေပုဒ်မ ( ၁၉ ) ကို ဖောက်ဖျက် ကျုးလွန်ကြောင်း ပညာရေးဘုတ်အဖွဲ့မှ စိစစ်တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နည်းဥပဒေပုဒ်မ ( ၂၀ ) အရ အမည်ပျက်စာရင်း ထည့်သွင်းကာ တော်လှန်ရေးကာလ လွန်မြောက်ပြီး တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ချိန်တွင် ၄င်းတို့ကို ပညာသင်ကြားခွင့် (၂)နှစ် တိတိ ရုတ်သိမ်း ကန့်သတ်လိုက်သည်။
အဆိုပါ ကျောင်းသားကျောင်းသူများအား စစ်ကောင်စီမှ ပေးအပ်သောဘွဲ့လက်မှတ်များကို ချွင်းချက်မရှိပယ်ဖျက်၍ ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်။
ပုံ
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့
နည်းပညာတက္ကသိုလ်(ဗန်းမော်)
အမိန့်အရ ——
အတွင်းရေးမှူး
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
နည်းပညာတက္ကသိုလ်(ဗန်းမော်)
12/02/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသား များ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
``Python Foundation Course´´
သင်တန်းကာလ - `တစ်လခွဲ´
သင်တန်းစတင်မည့်နေ့ - `ဖေဖော်ဝါရီ (၁၅)ရက်နေ့´
သင်ကြားမည့်အချိန် - `အပတ်စဉ် အင်္ဂါ-ဗုဒ္ဓဟူး...(10 Am-11:30 Am)´
နေရာ - `Zoom Application´
ကန့်သတ်လူဦးရေ - `၅၀ယောက်´
ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
ယခုသင်တန်းမှာ တစ်လခွဲကြာ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်တို့အနေဖြင့် ခေတ်နှင့်အညီ နားလည်တတ်ကျွမ်းသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Programming Language´ တစ်ခုဖြစ်သော Python Programming အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSe6qbytfDgpMXdL1KQ1nEco6TDC6zZhyu36W5HbxyPHrvxDZQ/viewform?usp=sf_link
ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၄) ရက်၊ ည (၁၁) နာရီ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။
ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။
Course Outlines.........
✔"Python Programming Fundamentals"
1. Why Python?
2. What is Interpreter ?
3. IDE installation
4. Indentation
5. Primitive Data type and reserve words
6. Loops and Iteration
6.1 for loop
6.2 while loop
7. Condition
7.1 if
7.2 else
7.3 elif
7.4 try except
8. Operation
8.1 Binary
8.2 logical operator
8.3 Assignment Operator
8.4 Relational Operator
9. Type Conversion
10. String
11. Function
11.1 in-built function
11.2 own function
11.3 return and non-return function
11.4 argument and parameter
Note :: Theory ရော Practical ပါ အသေချာလုပ်ရမှာဖြစ်ပီး Assignment တွေ၊ Exam တွေလဲ ဖြေရမှာဖြစ်ပါတယ်။
Course ပြီးရင် ဘာတွေရသွားမလဲ?....
1. Fundamentals Theory တွေကို စနစ်တကျသိရှိသွားမည်။
2. Lecture Video တွေ Sample Code တွေ PDF တွေ အပြည့်စုံရရှိသွားပါမည်။
3. Assignment များ တင်ရမည်ဖြစ်သောကြောင့် Mini Project အတွေ့ကြုံရရှိသွားပါမည်။
4. Google Tools များ သုံးတတ်သွားပါမည်။
သင်တန်းပြီးဆုံး၍ Exam ကိုသေချာစွာ ဖြေဆိုပီးမှသာလျှင် Certificate များပေးအပ်မည်ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
Click here to claim your Sponsored Listing.
Category
Contact the university
Website
Address
Banmaw
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |