Lum Yang - Learning Zone
သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ
၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။
ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။
အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။
ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။
မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
#ဥရောပရောက်မြန်မာများgpမှကူးယူသည်
07/01/2021
13/11/2020
"Facilitation skill ဆိုတာ"
၁။ Facilitation ဆိုတာ ဘာလဲ။
ဖြစ်စဉ်တစ်ခုကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးတာလို့ နားလည်ထားရင် ရပါတယ်။ ဆွေးနွေးပွဲတစ်ခု လုပ်တယ်၊ အဲဒီမှာ Facilitator လုပ်သူက ပါ၀င်ဆွေးနွေးတဲ့ သူတွေဆီကနေ သူတို့ကျွမ်းကျင်မှုအလိုက်၊ အတွေ့အကြုံအလိုက် လူအများ သိသင့်သိထိုက်တာတွေ ပြောလာအောင် မေးခွန်းတွေမေးမယ်၊ ဘေးထွက်သွားရင် ပြန်တည့်ပေးမယ်၊ အချိန်ကျော်နေရင် သတိပေးမယ်၊ တကယ့် Key message ကို အနှစ်ချုပ်ပေးမယ်၊ ဒါတွေ လုပ်ပေးရပါတယ်။
Facilitator ကောင်းရင် ကောင်းသလို အဲဒီဆွေးနွေးပွဲက အကျိုးရှိတတ်၊ မြိုင်တတ်သလို၊ မကောင်းရင်မကောင်းသလောက်လည်း ပျင်းစရာကောင်းတယ်၊ လိုရင်းမရောက် ဖြစ်တတ်ပါတယ်။ Debate မှာ Moderator လုပ်သူတွေ၊ အင်တာဗျူးလုပ်သူတွေ၊ ဘောလုံးပွဲသုံးသပ်သူတွေ၊ ဒါတွေဟာ ဒီအထဲမှာ အကြုံး၀င်ပါတယ်။
၂။ Facilitation skill အရေးကြီးလား။
အမှတ်တမဲ့ ကြည့်လိုက်ရင် ဒါက ဟောပြောသူတွေ၊ အစီအစဉ် တင်ဆက်သူတွေမှာမှ ရှိထားရမယ့် ကျွမ်းကျင်မှုတစ်ခုလို့ ထင်ချင်စရာပါ။ တကယ်တော့ မဟုတ်ပါဘူး။
ရုံးတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ အစည်းအဝေး လုပ်ကြရပါတယ်။ အဲဒီအစည်းအဝေးက လူစုရုံသက်သက် မဟုတ်ဘဲ ရလဒ်တခုခု ထွက်ချင်တယ်ဆိုရင် Facilitate ကောင်းကောင်း လုပ်နိုင်ဖို့ လိုပါတယ်။
ကိုယ့်ဌာနအလိုက် ပိုအောင်မြင်ဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာကို ကိုယ့်လက်အောက်က လူတွေနဲ့ ဆွေးနွေးကြမယ်ဆိုလည်း လိုတာပါပဲ။
နောက်ဆုံးကုန်ကုန် ပြောရရင် သမီးရည်းစားနှစ်ယောက် လက်ထပ်ဖို့ တိုင်ပင်ကြတဲ့ နေရာမှာတောင် ဒီအရည်အသွေးရှိထားဖို့ လိုပါတယ်။
ရုံးတွေ၊ ဆွေးနွေးပွဲတွေမှာ သတိထားလိုက်ကြည့်ပါ။ အဲ့လိုလုပ်နိုင်တဲ့သူ သိပ်များများစားစား မရှိပါဘူး။ ဒါကြောင့် ဒီအရည်အသွေးဟာ ကျောင်းမှာ၊ အလုပ်မှာ၊ ကိုယ့်ပရော်ဖက်ရှင်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှုချင်း တူလာတဲ့အခါ ကိုယ့်ကို ခေါင်းတစ်လုံးသာစေပါလိမ့်မယ်။
၃။ Facilitator ကောင်းတစ်ယောက်ရဲ့ အရည်အချင်းများ
အသေးစိတ်အများကြီး ရှိပါတယ်။ အဓိကကျတာတွေကိုပဲ ပြောပါ့မယ်။
၁) Big picture ရှိထားဖို့
ပွဲမစခင်မှာ ဒီဆွေးနွေးပွဲတစ်ခုလုံးကို ခြုံငုံပြီး မြင်ထားဖို့ လိုပါတယ်။ အဓိက Key Frame ကို ကိုင်ထားရပါမယ်။ ခုဆွေးနွေးမှုပြီးသွားတဲ့အခါ ဘာဖြစ်သွားစေချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် အရင်ဆုံး ချရမယ်၊ ပြီးမှ အဲဒီရည်ရွယ်ချက်ထိဖို့ ငါ ဘာတွေပြောမလဲ၊ ဘာမေးခွန်းတွေ မေးမလဲ၊ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ၊ ဘာအထောက်အကူပစ္စည်းတွေ ယူမလဲ၊ ဘယ်အပိုင်းကို ဘယ်နှမိနစ် သုံးမလဲ၊ ဒါမျိုး ပြင်ဆင်ရမယ်။
ဒါမှ လွဲနေရင် ဆွဲတည့်နိုင်မယ်၊ ကြာလွန်းနေရင် ဖြတ်ချနိုင်မယ်။ အဲဒီလိုရှိမထားရင် အချိန်ကျော်ကုန်တာတို့၊ အကြောင်းအရာတစ်ခုတည်းမှာတင် ကြာကုန်တာတို့၊ ဒါမှမဟုတ်လည်း ရလဒ် မယ်မယ်ရရ ထွက်မလာဘဲ အစောကြီးပြီးကုန်တာတို့ ဖြစ်တတ်ပါတယ်။
၂) Knowledge, Knowledge, Knowledge
အဟောအပြောနဲ့ပတ်သက်တဲ့သင်တန်းတွေဖွင့်၊ စာအုပ်တွေရေးပြီး ကမ္ဘာကျော်သွားတဲ့ ဒေးကာနက်ဂျီက သူ့သင်တန်းလာတက်သူတွေကို အရင်ဆုံး ဘာလုပ်ခိုင်းလဲဆိုရင် ပြောချင်တာကို ပြောချင်သလို လွတ်လွတ်လပ်လပ် ပြောခိုင်းတာနဲ့ စပါတယ်။ လူတွေဟာ ကိုယ့်အကြောင်း၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်နိုင်တဲ့အကြောင်းကို ပြောရတဲ့အခါ ပုံမှန်ထက် ယုံကြည်မှုပိုရှိကြတာပေါ့။ အဲဒီလိုနဲ့ စကားပြောဖို့ ရဲလာပြီး အဟောအပြောကောင်းသူတွေ ဖြစ်လာကြတယ်။ ဆိုလိုတာက ယုံကြည်မှုသည် ကျွမ်းကျင်မှုကနေ လာတယ်။ ဘယ်ပွဲမျိုးမှာ Facilitate လုပ်သည်ဖြစ်စေ၊ သက်ဆိုင်ရာ အသိပညာနဲ့ ကြိုတင်ပြင်ဆင်မှု ရှိထားဖို့ မဖြစ်မနေ လိုပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ Facilitate လုပ်နိုင်ပါလိမ့်မယ်။
၃) ဆက်သွယ်ခြင်းစွမ်းရည် (Communication skill)
ဒီအကြောင်းက စာအုပ်တစ်အုပ်ရေးလို့ရလောက်အောင်ကို ကျယ်ပြန့်ပါတယ်။ ဒီမှာတော့ အရေးကြီးဆုံးတစ်ချက်ပဲ ပြောပါ့မယ်။ လူတွေကြားထဲမှာ ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ Communication gap ကြောင့် ဖြစ်တာပါ။ ဒါဖြင့် အဲဒီ Communication gap ဘာကြောင့်ဖြစ်လဲဆိုတော့ တော်တော်များများက ကိုယ်နားလည်သလို သူတို့လည်းနားလည်မယ်လို့ ထင်တတ်ကြတာကြောင့်ပါ။
ဒါကြောင့် Communication ကောင်းချင်ရင် Empathy ရှိဖို့ လိုပါတယ်။ ကိုယ့်နေရာမှာ သူ့ခေါ်မကြည့်ပါနဲ့၊ သူ့နေရာမှာသာ ကိုယ်၀င်ကြည့်ပါ။ ကိုယ်က English လိုညှပ်ညှပ်ပြောလို့ နားလည်တိုင်း သူတို့လည်း နားလည်မယ် မထင်ပါနဲ့။ ကိုယ်က စကားမြန်မြန်ပြောလို့ နားလည်တိုင်း သူများတွေလည်း နားလည်မယ် မထင်ပါနဲ့။ ကိုယ်က နေ့စဉ်အီးမေးလ် စစ်တတ်လို့ သူများတွေလည်း စစ်လိမ့်မယ်ထင်ပြီး ဖုန်းမဆက်ဘဲ အီးမေးလ်နဲ့ပဲ ပြောလိုက်တာမျိုး မလုပ်ပါနဲ့။
၄) ဟာသဥာဏ်နဲ့ ဗဟုသုတ (Sense of humour)
ဆွေးနွေးပွဲတစ်ခု မြိုင်ဖို့ဆိုတာ ဆွေးနွေးသူတွေစိတ်ထဲမှာ ပေါ့ပေါ့ပါးပါးခံစားမှုရှိနေဖို့ လိုပါတယ်။ စိတ်ထဲမှာ တခုခုကြီး ခံနေရင် ဆွေးနွေးပွဲကလည်း အေးစက်နေတတ်ပါတယ်။ တိုင်းရင်းသားတွေ၊ ကလေးတွေ၊ စသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ ကျားမ၊ အသက်အရွယ်၊ အသိပညာ၊ ဆင်းရဲချမ်းသာ ကွာဟမှုကြီးလေလေ အဲဒီလို Icebreaking လုပ်ပေးဖို့ လိုလေလေပါပဲ။ ဒါကြောင့် Facilitator လုပ်မယ့်သူတွေဟာ တက်လာမယ့် Participant တွေရဲ့ အကြောင်း သိထားဖို့၊ ဟာသဥာဏ်နဲ့ သက်ဆိုင်ရာ ဗဟုသုတတွေ ရှိထားဖို့ လိုပါတယ်။
ဥပမာ လူငယ်တွေကို ပြောမယ်ဆို လူငယ်တွေကြားမှာ ဘယ်လိုစကားတွေ ခေတ်စားနေသလဲ၊ FA တို့ ကွီးတို့ ခေးတို့ ဒါမျိုးတွေပေါ့။ ဒါဆို သူတို့နဲ့ ကိုယ်နဲ့ကြားမှာ ရှိနေတဲ့ ခြားနားမှုတွေက အတိုင်းအတာတစ်ခုထိ လျော့သွားပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ ဆွေးနွေးပွဲလေးက မြိုင်လာပါလိမ့်မယ်။
၅) အုပ်စုကို ထိန်းချုပ်နိုင်ဖို့ (Group management)
*အားလုံးကို အာရုံစိုက်ထားနိုင်ပါစေ။
အဖွဲ့ထဲမှာ အိပ်ငိုက်နေတဲ့သူပါမယ်၊ လုံး၀ပါ၀င်မဆွေးနွေးတဲ့သူပါမယ်၊ တခြားအာရုံရောက်နေတဲ့သူပါမယ်၊ ဒီလူတွေအားလုံးအပေါ်မှာ အာရုံဖြန့်ကျက်ထားပြီး ဘယ်သူ ဘာဖြစ်နေတယ်ဆိုတာ သိနေဖို့ လိုပါတယ်။ လိုအပ်တဲ့တုံ့ပြန်မှုလေးတွေ လုပ်ရမှာပေါ့။
အိပ်ငိုက်နေတဲ့သူကို စာကြောင်းဖတ်ပြခိုင်းတာတို့၊ ငြိမ်နေတဲ့သူကို ပါ၀င်ဆွေးနွေးဖို့ ခေါ်တာတို့၊ တခြားအာရုံရောက်နေသူဆိုလည်း နာမည်တပ်ခေါ်ပြီး အဆင်ပြေရဲ့လား မေးတာတို့ လုပ်လို့ရပါတယ်။ ဒီလိုပဲ၊ နေမကောင်းနေတဲ့သူ တွေ့ရင်လည်း သူဘာလိုအပ်လဲ မေးပါ၊ ဂရုစိုက်ပါ။
*အားပေးပါ၊ အရှက်မရပါစေနဲ့။
ကိုယ်က တခုခုမေးလိုက်တဲ့အခါ ဖြေပြီဆိုပါတော့၊ သူ့အဖြေကြီးက တက်တက်စင်အောင် လွဲနေရင်တောင် မှားတယ်၊ လွဲတယ် မပြောပါနဲ့၊ ဒါကိုဆိုလိုတာထင်တယ်နော် ဆိုပြီး သူ့အဖြေကို ကိုယ်ဒီလိုနားလည်လိုက်သယောင် အမှန်ဘက်ကို အတင်းဆွဲတည့်လိုက်တာမျိုး လုပ်ပါ။ ပါ၀င်ဆွေးနွေးသူတိုင်းကို အားပေးပါ။ သူတို့အဖြေကို လှောင်ပြောင်လိုက်တာ၊ နောက်မှပြောပါ ဆိုပြီး ပိတ်ပင်လိုက်တာမျိုး လုပ်လိုက်မိရင် မကျေမနပ်ဖြစ်စေမယ်၊ အသံတွေ တိတ်ကုန်ပါလိမ့်မယ်။
*အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်ပါ။
Flexibility အရေးကြီးပါတယ်။ ဆိုလိုတာက အစက ကိုယ့်အစီအစဉ်မှာ မပါတာတွေကို အခြေအနေကြည့်ပြီး လုပ်သင့်လုပ်ဖို့ပါ။ ဥပမာ မိုက်ခ်ပျက်သွားတယ်၊ အသံတွေဆူညံလာတယ်၊ လူတွေက အိပ်ငိုက်နေကြတယ်၊ ဒါမျိုးထင်မထားတာတွေ ဖြစ်လာပြီဆိုရင် ပိုအဆင်ပြေနိုင်မယ့်နည်းလမ်းဘက်ကို ပြောင်းလိုက်တာမျိုး လုပ်တတ်ဖို့ လိုပါတယ်။
၆) EQ မြင့်ဖို့
ဆွေးနွေးပွဲဖြစ်တဲ့အတွက် လူပေါင်းစုံပါမယ်၊ အဲဒီလူပေါင်းစုံဆီကနေ အသံပေါင်းစုံ ကြားချင်လို့ပဲ ကိုယ်က Facilitate လုပ်နေတာဆိုတော့ ဒါကို မလွဲမသွေ ရင်ဆိုင်ရပါမယ်။ သူချည်းပြောချင်နေတဲ့သူပါမယ်၊ လိုက်နှောင့်ယှက်နေတဲ့သူပါမယ်၊ အပြောအဆို ရိုင်းတဲ့သူပါမယ်၊ ကိုယ်ပြောနေတာတွေကို သိပြီးသားတွေပါကွာ ဆိုတဲ့မျက်နှာပေးနဲ့လူတွေပါမယ်။ အဲဒါမျိုးတွေ ကြုံရပြီဆို ဘယ်သူမဆို ဒေါသထွက်ပါတယ်။ ဒါပေမယ့် အဲဒီဒေါသကို အပြင်ရောက်မလာအောင်၊ တစ်နည်းအားဖြင့် ကိုယ့်မျက်နှာ၊ ကိုယ့်အသံ၊ ကိုယ့်လှုပ်ရှားမှုတွေဆီ ရောက်မလာအောင် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဒီအတိုင်း သည်းခံပြီး ထိုင်ကြည့်နေရမှာလည်း မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ပီပီသသ တုံ့ပြန်ရပါမယ်။
အမေရိကန်သမ္မတ အိုဘားမားရဲ့ သမီးက ဘာဂါဆိုင်မှာ အလုပ်၀င်လုပ်ပါတယ်၊ ပိုက်ဆံလိုလို့လား၊ စတန့်ထွင်တာလား။ မဟုတ်ပါဘူး။ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကမှ သင်မပေးနိုင်တာကို သွားသင်တာပါ။ ဘာလဲဆိုတော့ လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံနိုင်စွမ်း ပါပဲ။ အရိုင်းအယဉ်၊ အဖြူအမည်း၊ ပညာတတ်ပညာမဲ့၊ ဒီလိုလူပေါင်းစုံကို အောင်အောင်မြင်မြင် ဆက်ဆံနိုင်ဖို့ သွားသင်တာပါ။ ဒါကြောင့် ဒီလိုလူတွေ တွေ့တိုင်း တွေ့တိုင်းမှာ စိတ်ညစ်စရာ လို့ မတွေးပါနဲ့။ ကျောင်းကမသင်ပေးနိုင်တာကို လာသင်ပေးနေတဲ့သူတွေလို့ မြင်ပေးပြီး အကောင်းဆုံးဆက်ဆံကြည့်ပါ။ မအောင်မြင်ရင်တောင် အတွေ့အကြုံတော့ ရစေပါလိမ့်မယ်။
ဒါကြောင့် အချက်(၆)ချက်ကို ပြန်ပြောပါမယ်။
1. Big picture
2. Knowledge
3. Communication
4. Sense of humor & Icebreaking
5. Group management
6. Emotion Intelligence တို့ ဖြစ်ပါတယ်၊၊
ဒေါက်တာ ဖြိုးသီဟ
၈.၁၁.၂၀၁၆
23/10/2020
သောက်ရန်မသင့်သော ရေ(၅)မျိုး
ကျန်းမာရေးဗဟုသုတများကို လေ့လာဖို့ Pageကို likeလုပ်ထားကြနော်😉
Crd
Knowledge
20/10/2020
▪️သူငယ်ချင်းတွေနဲ့ ခရီးထွက်ချင်လို့...!
▪️”ငါတို့တုန်းကဆိုရင်” ခရီးထွက်ဖို့မပြောနဲ့ ဘာညာသာရကာ
▪️စာသင်ခန်းထဲမှာ Projectorကြီး မကောင်းတော့ဘူး...!
▪️”ငါတို့တုန်းကဆိုရင်” ဒီ့ထက်စုတ်ဘာညာ သာရကာ၊
▪️စာကျက်ရတာ ပျင်းတယ်လို့ မညည်းလိုက်နဲ့!
▪️”ငါတို့တုန်းကဆိုရင်” ဓာတ်တိုင်အောက်ဘာညာသာရကာ
▪️သမီးတို့မိန်းကလေးတွေ ညအိပ်ခရီး...!
▪️”ငါတို့တုန်းကဆိုရင်” အဝေးမဆိုထားနဲ့ အနီးလေးကို ဘာညာသာရကာ
▪️ငါတို့တုန်းကဆိုရင် ငါတို့တုန်းကဆိုရင်နဲ့
ကြာလာတော့ ဆုံးမတာလို့မမြင်တော့ပဲ နှိုင်းယှဉ်လာတယ်လို့ပဲ ခံစားလာရတယ်။
▪️Generation တစ်ခုနဲ့တစ်ခုဟာ မတူကွဲပြားတာတွေ ပြောင်းလဲလာတယ်ဆိုတာ လူကြီးတွေ လက်မခံပေးကြဘူး။ အကုန်လုံးတော့ မဆိုလိုဘူး။ တချို့တွေက အခြေအနေတဲ့ အချိန်အခါပေါ်မှာ ပေါ်တည်ပြီး သားသမီးကို ဆုံးမတဲ့နေရာမှာ တော်ကြတယ်။
▪️ခက်တာက ကျနော်တို့ generation မှာက မှားနေရင်ထောက်ပြကြမယ်။ အသက်ကြီးကြီးငယ်ငယ် ကိစ္စမရှိဘူး။ ကိုယ်ကမှန်နေဖို့ပဲ။ဒီလိုလက်ခံကြတယ်။
▪️လူကြီးတွေမှာကျ အသက်ကို အရမ်းစကားပြောတယ်။ အငယ်က သူတို့က ထောက်ပြလို့ မရတာများတယ်။ ထောက်ပြခဲ့ရင်တောင် “ငါတို့တုန်းကဆိုရင်”နဲ့ ချုပ်ပစ်လိုက်တာ။
▪️ဟူး ... တကယ်စိတ်ညစ်စရာ!
▪️ကျနော်တို့ကအမြဲမမှန်နိုင်ဘူးဆိုတာ လက်ခံပါတယ်။
ဖြစ်စေချင်တာက ဆုံးမတယ်ဆိုရင်တောင် လက်တွေ့ကျကျပေါ့။ သူတို့ရဲ့ခေတ်နဲ့ နှိုင်းယှဉ်ပြီး “ငါတို့တုန်းကဆိုရင်”နဲ့နောက်ပြန်ဆွဲနေတာကတော့ ကျနော်တို့လည်းလက်ခံဖို့ခက်တယ်။
▪️ဒီလိုနဲ့ လူကြီးနဲ့ လူငယ်အဆင်မပြေတာတွေဖြစ်လာရော
▪️အချိန်တွေ၊ခေတ်တွေဆိုတာ ရပ်တန့်နေတာမှ မဟုတ်ဘဲ။
▪️ကောင်းသောပြောင်းလဲမှုကိုသူတို့အနေနဲ့လက်ခံပေးရမယ်။
“ငါတို့တုန်းကဆိုရင်”ဆိုတဲ့ ဘောင်တစ်ခုနဲ့ တိုင်းပြီး ဘောင်ထဲမဝင်တာနဲ့ မှားတယ်ပြောနေတာက အတော်ရက်စက်ရာကျပါတယ်။
▪️သေချာတာတော့ ကျနော်တို့ generation လူကြီးနေရာရောက်တဲ့အခါ “ ငါတို့တုန်းက ဆိုရင်”ဆိုတဲ့ စကားထက် “ငါတို့တုန်းကလည်း”ဆိုတာပဲ သုံးနိုင်အောင်ကြိုးစားမယ်။
▪️ဖေဖေ ၊ သမီးတို့ခရီးထွက်ကြမလို့။
▪️အော် အေး၊ထွက်လေ။ဖေဖေတို့တုန်းကလည်း ထွက်ချင်တာပဲ။ ဘယ်သူတွေနဲ့လဲ ပြောခဲ့ဦး။
ကိုယ့်ကိုယ်ကို ထိန်းပါ သမီး။
Click here to claim your Sponsored Listing.