Fit for Health

Fit for Health

Share

23/01/2026

ကယ်လိုရီချင်း တူပေမယ့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံချင်း မတူပါဘူး 🧪🍎
​မနေ့က ကယ်လိုရီ ပမာဏ (Quantity) အကြောင်း ပြောခဲ့ပြီးပြီ။ ဒီနေ့ အရည်အသွေး (Quality) အကြောင်း ပြောမယ်။
ဒိုးနပ် ကနေရတဲ့ 100 Cal နဲ့ ကြက်သား ကနေရတဲ့ 100 Cal အတူတူပဲလား?
အဖြေက "NO" ပါ။
​Macronutrients (၃) မျိုးရဲ့ Metabolic Effect မတူကြပါဘူး။
​Protein (4 Cal/g):
​TEF (Thermic Effect of Food) အမြင့်ဆုံး: ပရိုတင်းကို ချေဖျက်ဖို့ ခန္ဓာကိုယ်က စွမ်းအင်ပြန်သုံးရတယ်။
​Muscle Sparing: အဆီချချိန်မှာ ကြွက်သားမဆုံးရှုံးအောင် ကာကွယ်ပေးတယ်။
​Carbohydrates (4 Cal/g):
​ခန္ဓာကိုယ်ရဲ့ "Primary Fuel" (အဓိကလောင်စာ)။ ဦးနှောက်နဲ့ ကြွက်သားတွေ အလုပ်လုပ်ဖို့ လိုအပ်တယ်။
​Fats (9 Cal/g):
​စွမ်းအင်သိပ်သည်းဆ အများဆုံး။ ဟော်မုန်းထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်တယ်။
​Tip: 💡
အဆီချချင်ရင် ကယ်လိုရီလျှော့ရုံနဲ့ မရပါဘူး။ ဟော်မုန်းမျှတဖို့နဲ့ ဇီဝကမ္မဖြစ်စဉ် ကောင်းဖို့ Macro Ratio မျှတအောင် စားဖို့လိုပါတယ်။

22/01/2026

အဆီကျတယ်ဆိုတာ မှော်ဆန်တဲ့ကိစ္စ မဟုတ်ပါ၊ "Thermodynamics" ဖြစ်ပါတယ် ⚖️🔥
​လူတော်တော်များများက "ငါ ဘာမှမစားဘဲနဲ့ ဝနေတယ်" လို့ ထင်တတ်ကြတယ်။ တကယ်တော့ ခန္ဓာကိုယ်ဆိုတာ ဇီဝယန္တရားကြီးတစ်ခုပါ။ သိပ္ပံပညာမှာ Thermodynamics Law ဆိုတာရှိပါတယ်။ "စွမ်းအင်ဆိုတာ အလိုလို ပျောက်မသွားသလို၊ အလိုလိုလည်း ပေါ်မလာပါဘူး။"
​ဒီတော့ ကိုယ်အလေးချိန် အတက်အကျဆိုတာ Energy Balance Equation ပါပဲ။
​Calorie Surplus (+): အဝင် > အထွက် (ပိုလျှံစွမ်းအင်ကို အဆီအဖြစ် သိုလှောင် = ဝလာမယ်)
​Calorie Deficit (-): အဝင် < အထွက် (လိုနေတဲ့စွမ်းအင်ကို အဆီဖြိုခွဲပြီးသုံး = ပိန်သွားမယ်)
​Maintenance (=): အဝင် = အထွက် (အလေးချိန် မပြောင်းလဲ)
​ Insight: 💡
ကယ်လိုရီဆိုတာ မကောင်းဆိုးဝါး မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ် (Machine) လည်ပတ်ဖို့ထည့်ရတဲ့ လောင်စာ (Fuel) ပါ။ ပြဿနာက စက်မမောင်းဘဲ ဆီတွေပဲ ထပ်ဖြည့်နေမိလို့ "အဆီ" ဆိုတဲ့ ပိုလျှံလောင်စာတွေ စုလာတာပါ။
​နောက်ရက်မှာ ဒီလောင်စာ (ကယ်လိုရီ) တွေရဲ့ အရည်အသွေး (Quality) အကြောင်း ဆက်ပြောပြပေးမယ်။

21/01/2026

Gym မသွားနိုင်လို့၊ Gym သွားရမှာ ရှက်လို့ ကိုယ့်ကျန်းမာရေးကို ပစ်ထားလိုက်တော့မှာလား? 🏠💪
​Gym ကစားချင်ပေမယ့်...
❌ အလုပ်တစ်ဖက်နဲ့မို့ Gym သွားဖို့ လမ်းစရိတ်၊ လမ်းချိန် မပေးနိုင်ဘူး။
❌ လူများတဲ့နေရာမှာ ကစားရမှာ ရှက်တတ်တယ်။
❌ ကိုယ်နေတဲ့နေရာနဲ့ Gym က အရမ်းဝေးနေတယ်။
​ဒီပြဿနာတွေကြောင့် "ငါတော့ ဝိတ်ချဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ စိတ်လျော့ထားမိပြီလား?
​တကယ်တော့ ကျန်းမာဖို့၊ အဆီကျဖို့၊ ကြွက်သားတက်ဖို့ဆိုတာ "နေရာ" က အဓိက မဟုတ်ပါဘူး။ "နည်းစနစ်" နဲ့ "လုပ်ဆောင်မှု" ကသာ အဓိကပါ။
​✅ အိမ်မှာကစားခြင်းရဲ့ အားသာချက်များ
၁။ အချိန်ကုန်သက်သာတယ် - Gym သွားမယ့် လမ်းချိန်တွေကို လေ့ကျင့်ခန်းလုပ်ဖို့ အသုံးပြုလိုက်ပါ။ တစ်နေ့ ၁ နာရီဆို လုံလောက်ပါပြီ။
၂။ လွတ်လပ်တယ် - လူတွေ ကြည့်နေမှာ ကြောက်စရာမလိုဘဲ ကိုယ်ကြိုက်တဲ့အဝတ်အစားနဲ့ စိတ်လွတ်ကိုယ်လွတ် ကစားနိုင်တယ်။
၃။ ငွေကုန်သက်သာတယ် - Gym ကြေးပေးစရာမလို၊ ကားခကုန်စရာမလိုပါဘူး။
​💡 Fit for Health မှ အဖြေ
အိမ်မှာပဲ နေရင်း ထိထိရောက်ရောက် ပြောင်းလဲချင်သူတွေအတွက်...
​🏋️‍♂️ ကိုယ့်အိမ်မှာရှိတဲ့ နေရာလွတ်လေးတစ်ခု
​⏱ တစ်နေ့ ၁ နာရီအချိန်ပေးရုံ
​📱 မှန်ကန်တဲ့ နည်းပြရဲ့ လမ်းညွှန်မှု (Online Training)
ဒါတွေရှိရင် သင်လိုချင်တဲ့ ခန္ဓာကိုယ်ကို ရနိုင်ပါတယ်။
​Gym မသွားနိုင်တာ အကြောင်းပြချက် မဟုတ်တော့ပါဘူး။ ကိုယ့်အိမ်ခန်းက ကိုယ့်ရဲ့ Gym ပါပဲ။
​အိမ်မှာနေရင်း ဘယ်လိုစလုပ်ရမလဲ မသိရင် Fit for Health Page Messenger မှာ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

20/01/2026

Welcome to Fit for Health! 💪
​မင်္ဂလာပါခင်ဗျာ... "Fit for Health" page မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
​ကျွန်တော်ကတော့ Si Thu ဖြစ်ပါတယ်။ ကျွန်တော်ဟာ Fat Loss & Nutrition Specialist တစ်ဦးဖြစ်သလို Certified Personal Trainer တစ်ဦးလည်း ဖြစ်ပါတယ်။
​ဒီ Page လေးကနေတစ်ဆင့် လူတိုင်း ကျန်းမာကြံ့ခိုင်စေဖို့အတွက် -
​မှန်ကန်တဲ့ လေ့ကျင့်ခန်း နည်းစနစ်များ
​စနစ်တကျ အဆီချနည်းများနှင့် အာဟာရဗဟုသုတများ
​နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ကျန်းမာရေး အလေ့အကျင့်ကောင်းများကို စေတနာရှေ့ထားပြီး အမြဲမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
​"နေ့ရက်တိုင်းမှာ ကျန်းမာလာစေဖို့ ကိုယ့်ကိုယ်ကို အခွင့်အရေးပေးပါ၊ ကျန်းမာခြင်းက သင့်နဲ့ထိုက်တန်တယ်"
​ကျန်းမာရေးကို တန်ဖိုးထားတဲ့ မိတ်ဆွေများအနေနဲ့ ဒီ Page လေးကို Like & Follow လုပ်ထားပြီး ကျွန်တော်နဲ့အတူ ကျန်းမာတဲ့ ဘဝတစ်ခုကို စတင်လိုက်ကြရအောင်ဗျာ။

Want your practice to be the top-listed Clinic in Bago?
Click here to claim your Sponsored Listing.

Address

Online Service
Bago