Zzz

Zzz

Share

01/09/2025
18/08/2025
18/08/2025
18/08/2025
18/08/2025
05/08/2025
05/08/2025
05/08/2025
05/08/2025
05/08/2025

#ထပ်ခါထပ်ခါပြန်ကြည့်ဖြစ်သော

05/08/2025
05/08/2025

ထိုင်းရောက် မြန်မာရွှေ့ပြောင်းများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးမည်

ရန်ကုန်၊ သြဂုတ် ၅

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) စခန်း ၄ ခု ဖွင်လှစ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) က အသိပေး ကြေညာလာပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနဲ့ ချင်းမိုင်စခန်းတို့မှာ သြဂုတ်လ ၆ ရက်နေ့မှစပြီး ဆောင်ရွက်ပေးဖို့ ရှိပါတယ်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးဖို့ (၆) လ အောက် ကျန်နေသူတွေ၊ သက်တမ်းကုန်ဆုံးနေသူတွေကို အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံရဲ့ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နဲ့အတူ CI စာအုပ်အသစ်တွေ ထုတ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနဲ့ CI စာအုပ်ရှိသူတွေကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်းနဲ့ Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းတွေလည်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

CI စာအုပ်အသစ် လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်တွေထံ တိုက်ရိုက်ငွေပေးသွင်းရမှာဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်တွေ ပြုလုပ်ရမှာပါ။

ရက်ချိန်းအတွက် နီးစပ်ရာစခန်းကို ရွေးချယ်ရယူနိုင်ပြီး စခန်းတွေမှာ ဆောင်ရွက်တဲ့အခါ တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်) မှ သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေကို အလုပ်နားရက်သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၅ သန်းနီးပါး ရှိလာကြောင်း တရားဝင်စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဒေသ မငြိမ်မသက်မှုတွေကြောင့် နေရပ်ပြန်သွားကြတဲ့ ခမာလုပ်သားတွေနေရမှာ မြန်မာအလုပ်သမားတွေကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်

Want your public figure to be the top-listed Public Figure in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Bago