OKDF

OKDF

Share

20/04/2022

မျှော်လင့်ထားသည့်အတိုင်း...




မအလ အာဏာသိမ်းလိုက်တဲ့အခါ သူတို့ဘက်ကလူတွေက စကစ နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့သူများတယ်။

ဘာကြောင့်လဲ ဆိုရင် "De Facto" မြေပြင်အုပ်ချုပ်မှု အာဏာ ရှိတဲ့သူနိုင်မှာပဲ လို့ တွေးခဲ့ကြလို့။ သူတို့လိုပဲ အာဆီယံနိုင်ငံ အချို့လည်း တွေးခဲ့ကြမှာပါပဲ။ De Facto မရှိလို့ ပြည်သူတွေရဲ့တော်လှန်ရေးနဲ့ NUG ဟာ လေလှိုင်းထဲက ပျောက်သွားမယ်လို့လည်း ထင်ခဲ့ကြမှာပဲ။

အခုအချိန်ကာလမှာတော့ စကစ ရဲ့ အဓိက နိုင်ချေ လို့ သတ်မှတ်ခဲ့တဲ့ De Facto ပါဝါဟာ တော်တော်ကြီးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အပြည့်အဝ သိမ်းပိုက်အုပ်ချုပ်တာနဲ့ စိုးမိုး ထိန်းချုပ် တာဟာ တူသလိုနဲ့ တော်တော်ကြီး ကွဲပြားပါတယ်။

ဥပမာ စစ်ကိုင်း ကိုကြည့်မယ်ဆိုရင် မြေပြင် စစ်ရေးအခြေအနေ အများစုနဲ့ နယ်မြေ စိုးမိုးထိန်းချုပ်မှု အနေအထား အားလုံးဟာ Facebook ပေါ်တက်မလာတော့ပါဘူး။

ဒါပေမယ့် စစ်ကိုင်းတိုင်း မြေပြင် မြို့နယ် အများစု (အခုဆိုရင် မုံရွာ ပါ ပါနေပြီ ပြောလို့ရနိုင်ပါတယ်) မှာ PDF/LDF တွေဟာ စိုးမိုး ထိန်းချုပ် ထားနိုင်တယ်လို့ ယေဘုယျ ပြောနိုင်ပါပြီ။

ဆိုလိုတာက PDF/LDF တွေဟာ မြို့ကိုသိမ်းပြီး ရုံးထိုင်နေတာမျိုး မဟုတ်ဘဲ၊ မြို့တွေကို ပတ်ပြီးဝိုင်းထားတဲ့သဘောပါ။ တည့်တည့်ပြောရရင် မြို့ကြီး တွေကနေ စကစဟာ အုပ်ချုပ်နေတာမျိုး မဟုတ်တော့ဘဲ အလယ်မှာ အဝိုင်းခံထားရတဲ့ အနေအထားပါ။

De Facto ကျလာရင် ဘာဖြစ်မလဲ?

သေချာတာကတော့ အုပ်ချုပ်ရေး ယန္တရား ပြိုဆင်းသွားပါလိမ့်မယ်။ စကစ ဟာ

၁။ စစ်တပ်/ရဲ

၂။ Non-CDM

၃။ လက်ဝေခံ(ပျူစောထီး၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ဒလန်၊ အုပ်ချုပ်ရေးမှူး)

အစရှိတဲ့ ဖိုခနောက်ပေါ် သူ့ ယန္တရား ကို တည်ထားတာပါ။

နယ်မြေတွေကို ပြည်သူဘက်က "စိုးမိုးထိန်းချုပ်" လာတာနဲ့ အမျှ စကစ ဘက်သားတွေဟာ သွားလာရေး လမ်းကြောင်း အင်မတန်ကျပ်လာပါတယ်။ အထူးသဖြင့် ရိက္ခာလမ်းကြောင်း၊ စစ်ကူလမ်းကြောင်း မထောက်နိုင်တော့ပါဘူး။

စစ်တပ်/ရဲ အကာအကွယ် မပေးနိုင်တဲ့အတွက် စကစ အုပ်ချုပ်ရေး ဟာ လုံးဝ ပြိုသွားပါမယ်။

အုပ်ချုပ်ရေး ပြိုရင် စကစရဲ့ စီးပွားရေး ပြိုပါမယ်။

မြို့တွေက အလယ်မှာ အဝိုင်းခံထားရပြီး၊ လမ်းကြောင်း တွေ မှန်သမျှ ဖြတ်တောက်ခံထားရလို့ အုပ်ချုပ်ရေး ပြိုပြီဆို De Facto ရဲ့ အားသာချက်ဖြစ်တဲ့ အခွန်အကောက်တွေ၊ စီမံကိန်း ရငွေ တွေ ... စတဲ့ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေတွေ ဆုံးရှုံးပါမယ်။

စကစ ဟာ မကြာခင် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း(မြောက်)၊ ကရင်နီ၊ ကရင်၊ မကွေးမြို့နယ်များ က PDF "လွှမ်းမိုးထိန်းချုပ်" နယ်မြေအားလုံးက ဝင်ငွေ ကို ဆုံးရှုံးရပါလိမ့်မယ်။

သူ့ ဝင်ငွေ ဆုံးရှုံး၊ ကိုယ့် ဝင်ငွေ တိုးမလား?

NUG အတွက် အဓိက အသက်ဟာ စကစ De Facto ဆုံးရှုံးသွားတဲ့ နေရာတိုင်းမှာ "အုပ်ချုပ်ရေးလေဟာနယ်" မဖြစ်အောင် ပြည်သူ့ အုပ်ချုပ်ရေး ထူထောင်ဖို့ပါ။

ဒီအချိန်မှာ ကြားကာလ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အကုန် အရေးပါလာပါမယ်။

အထူးသဖြင့် NUG ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဘဏ်စနစ် တစ်ခုသာ တည်ဆောက်နိုင်ခဲ့ရင် တော်တော်ကို အသာစီး ရပြီ ပြောနိုင်ပါလိမ့်မယ်။

စကစ ဟာ အဲဒါကြောင့် နယ်စပ် ကုန်သွယ်ရေး အသက်ဖြစ်တဲ့ မြဝတီ လို မြို့မျိုးကျသွားမှာ အင်မတန် စိုးရိမ်နေတာပါ။

များမကြာမီတော့ စစ်ရေး ယှဉ်ပြိုင်မှု အပြင် ...

၁။ အုပ်ချုပ်ရေး၊

၂။ စီးပွားရေး၊

၃။ Legitimacy တရားဝင် အသိအမှတ်ပြုမှု တို့ပါ ထင်ထင်ရှားရှား ယှဉ်ပြိုင်လာရတော့မယ်လို့ မြင်ပါတယ်။

နေပြည်တော် ဟာ နိုင်ငံရဲ့ဗဟိုချက်ကနေ အုပ်ချုပ်တဲ့ နေရာ အဖြစ်ကနေ၊ အလယ်တည့်တည့် မှာ အားလုံးက ဝိုင်းတာ ခံထားရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အခု နမခ မုံရွာ မှာ ခံနေရသလိုမျိုးပေါ့ ... ။

တော်လှန်ရေး ရပ်သွားမှာ၊ သွေးအေးသွားမှာ မပူပါနဲ့တော့၊ နွေဦးတော်လှန်ရေး ဟာ လုံးဝ မရပ်နိုင်တော့ပါဘူး။

အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေး ချင်းပါ စီးချင်းထိုးလာရတော့မှာပါ ...

#လွတ်လပ်စွာကူးတင်နိုင်ပါသည်

ေးရန်မလိုပါ

Want your business to be the top-listed Photography Service in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Bago