Ko Phyo
နေနိုင်သူ...
တစ်ယောက်ကို မပြစ်မပြောပါနဲ့...
အပြစ်ပြောလည်း မင်းဘက်ကပဲ
အမှားဖြစ်မယ်...
နေနိုင်မှုပေါ် မခံစားပါနဲ့
နေနိုင်သူကတော့ ပုံမှန်ပဲမလို့
မင်းပဲစိတ်ဆင်းရဲရလိမ့်မယ်...
သူ့ရဲ့နေနိုင်မှုပေါ်
ခွင့်လွှတ်နားလည်ပေးလိုက်ပါ...
မင်းစိတ်ချမ်းသာအောင်နေပါကွာ...
ပျော်ရွှင်ပါစေ
နေနိုင်သူ...
အတွေးဆိုတာ...
တွေးချင်ရာတွေးလို့ရပါတယ်
ဒါပေမဲ့ ဦးနှောက်ကတွေးတာကို
နှလုံးသားကိုမပို့ပါနဲ့...
တစ်ခါတစ်လေ
အတွေးနယ်ချဲ့ပြီး စိတ်ခံစားမှုများရင်
မင်းလေးပဲနာကျင်ရလိမ့်မယ်...
မင်းလေးရဲ့အတွေးကို ကိုမသိပေမဲ့
မင်းလေးရဲ့အတွေးတွေက
မင်းကိုနှိပ်စက်နေတဲ့ အခါကြရင် သိပ်သိသာတယ် မျက်နှာလေးညှိုးနေတယ်...
အတွေးတွေများလာရင်
မင်းလေးဘာမှမလုပ်ချင်ဘူးမလား
ဘယ်သူနဲ့မှလည်းစကားမပြောချင်ဘူးလား
ကိုသိတာပေါ့...
ဒါပေမဲ့လည်း အဲ့အတွေးတွေကိုဖျောက်ဖျက်ပြီး
အဲ့အတွေးတွေနေရာမှာ တစ်ခြားအရာလေး
အစားထိုးကြည့်လိုက်ပါ...
မင်းလေးရဲ့နာကျင်မှုတစ်ချို့ သက်သာသွားလိမ့်မယ်...
အရာအားလုံးကို ပျော်တဲ့စိတ်ထားပြီး
အကောင်းဆုံးအမြင်နဲ့ကြည့်လိုက်ပါ...
အတွေးဆိုးတွေကိုလည်း ဝေးဝေးမှာထားခဲ့
ချစ်သော...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Bago
BAGO