PES Knowledge Sharing
လူမိုက်နဲ့ coin အတူမနေ
==================
တစ်ပတ် တစ်ပတ် Icon တွေ အမျိုးမျိုး ပြောင်းလဲလာလည်း မပြောင်းလဲတာက စိတ်ပဲ။ coin 100 လောက် လက်ထဲရှိနေရင်ကို လက်ကယားနေတာ မသိရင် ငွေဝင်မှာပေါ့ မဟုတ်ဘူးဗျ အမှန်က icon box က Silver နဲ့ ညားချင်နေတာ။ တစ်ပတ်လာတယ် icon နှိုက်တယ် မရဘူး နောက်အပတ်လာလည်း နှိုက်တာပဲ။ စုဖို့ဆို ရေလာဝေး coin 20 လောက်လိုရင်တောင် မရရအောင် ပတ်ရှာနေတာ။
ယောက်ျားလေး ပေမယ့် အနုအရွက ကြိုက်သေး icon box သွားရင် ပန်းရောင်လေး သန်းလိုက်ရမှ coin 100 နဲ့ စမ်းမယ်ဆိုပြီးသွား မပေါက်လို့ နောက် 100 ဆို ပေးမလား ပေးမလားနဲ့ နောက်ဆုံး Silver ball က ရီပြသွားတာပဲ အဖတ်တင်တယ်။ဒီအပတ်တော့ ဘာ icon မှ မရလိုက်ဖူး 😔 coin စုချင်နေတဲ့ ရည်မှန်းချက် က တစ်ခါမှ မအောင်မြင်ဖူး။
Coin 100 လေး အသည်းအသန် စုပြီး icon box သွား နှိုက်လိုက်တာ
လိုင်းလေးက ထစ်နေလို့ icon ပေါက်ပြီ မှတ်နေတာ
အယ်မလေး အဖြူကြီး ပေါ်လာတော့
ရင်ဝကို ဆောင့်ကန်လိုက် သလိုပဲ။ 😞
08/11/2021
ရိုးရှင်းသော PESရဲ့ ပူးပေါင်းတိုက်စစ်ဆင်နည်းများ အပိုင်း(၁)
=====================================
အခုက 4-2-1-3(or) 4-3-3 ကစားကွက်ရဲ့ ရိုးရိုးရှင်းရှင်း တိုက်စစ်ဆင်နည်း တစ်ခု အကြောင်းပြောပြသွားမှာ ဖြစ်ပါတယ်။
တောင်ပံတိုက်စစ်ကစားသမားတွေက အတွင်းထဲကို ဆွဲဝင်ပြီး အဆုံးသတ်ရမယ့် တိုက်စစ်ဆင်နည်းတစ်ခုပါ။
ပုံ(၁) နောက်တန်း ကစားသမား(CB) ဆီကနေ ဘောလုံးကို ကွင်းလယ်ကစားသမား(CMF)ဆီသို့ ဘောလုံးပေးပြီး တိုက်စစ်ကို စတင်လာပါမယ်။ ကွင်းလယ် ကစားသမား(CMF) က မိမိရဲ့ ဘက်ခြမ်းမှာ ရှိတဲ့ တောင်ပံတိုက်စစ်ကစားသမား(RWF) ဆီသို့ ဘောလုံးကို ဖြန့်ပေးရမှာ ဖြစ်ပါတယ်။
ပုံ(၂) တောင်ပံတိုက်စစ်ကစားသမား(RWF) က ဘောလုံး ကို တိုက်စစ်ကစားသမား(CF) ဆီသို့ ပေးပို့ပေးရမှာ ဖြစ်ပါတယ်။
ပုံ(၃) တိုက်စစ်မှူး(CF) က ဘောလုံးကို ဘေးကနေ အထဲကို ဝင်လာတဲ့ တောင်ပံ တိုက်စစ်ကစားသမား(LWF)ရဲ့ပြေးလမ်းထဲကို မျှောထိုးပေးရပါမယ်။ တောင်ပံတိုက်စစ်ကစားသမား(LWF) က ဘောလုံးကို ဂိုးဧရိယာထဲ ဆွဲဝင်ပြီးအဆုံးသတ်ရပါမှာ ဖြစ်ပါတယ်။
ဒီ ရိုးရှင်းတဲ့ တိုက်စစ်ဆင် ကစားနည်းကို Present Team တွေထဲက လီဗာပူး၊PSG အသင်းတွေ ကိုင်ရင် အသုံးများ ကြပါတယ်။
ဝေဖန်ပေးကြပါအုံးဗျာ။
အပိုင်း(၂) မကြာမီ လာမည်မျှော်
#ပုံCrd
08/11/2021
ရိုးရှင်းသော PES ရဲ့ ပူးပေါင်း တိုက်စစ်ဆင်နည်းများ
မကြာမီ လာမည်မျှော်
တင်ရင် အားပေးကြပါအုံး။
Click here to claim your Sponsored Listing.