Taungoo Spring Revolution News Collection
* ကျောက်တံခါးမြို့နယ် နှင့် အုတ်တွင်းမြို့နယ်
ရန်ကုန် မန္တလေးလမ်းဟောင်း ပေါ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ဖြူးမြို့ကားလမ်းမတွေပိတ်ထားကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
လေယာဉ်နဲ့ပစ်တာ ရထားလမ်း ပျက်သွားလို့ ပြွန်တန်ဆာ မှာ ရထားရပ်နေရတယ်လို့လည်း ဆက်ပြောပြကြပါတယ်။
ဆီသယ်ကားတွေ မီးလောင်နေတာတွေရှိတယ်
တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်တွေ ခေတ္တထိန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူများ ကျန်းမာရေး ဂရုစိုက်ပြီး အစစအရာရာအတွက် နားတွေစွင့် မျက်လုံးတွေဖွင့်ထားကြပါ။
22/11/2025
“မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့ရဲ့ပေးစာ”
ထုတ်လွှင့်ပြသမည့်နေ့ရက် (အချိန်) - ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ (ည ၇ နာရီ)
25/10/2025
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းတွင် နေထိုင်ကြသော ပြည်သူများသို့
တောင်ငူ ခရိုင် အမှတ်(၂) တပ်ရင်း ထုတ်ပြန်ချက်
ဒီရက်ပိုင်းတွင် ကျွန်တော်တို့ တပ်ရင်းနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်လျက်ရှိပါတယ်။ စကစ တပ်များမှ တိုက်ပွဲ ဖြစ်ပွါးနေသော နေရာသို့ မတိုက်ခိုက်ပဲ အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် ခရီးသွားပြည်သူတစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသည်။ မိသားစုများ နှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါသည်။
အများပြည်သူများအနေဖြင့် တော်လှန်ရေးတပ်များမှ ကန့်သတ်ထားသော ခွင့်မပြုသောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အနူးအညွတ်မေတ္တာရပ်ခံပါသည်။
လက်နက်ကြီး ထွက်သံကြားပါက လုံခြုံသော အကာအကွယ်ရှိသောနေရာတွင် လက်နက်ကြီးသံ ကွဲပြီးတဲ့အထိ အကာအကွယ်ယူ နေထိုင်ပေးရန်နှင့်လေကြောင်း သံ တစ်ခုခု ကြားပါက ထွက်မကြည့်ကြရန် အကာအကွယ်ယူ နေထိုင်ပေးကြရန် ထပ်မံ မေတ္တာရပ်ခံ အကြံပြုအပ်ပါသည်။
#တော်လှန်ရေးအောင်ရမည်
#တောင်ငူ #ဇရပ်
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းတွင် နေထိုင်ကြသော ပြည်သူများသို့ ဒီပေချ့်ကနေ သတင်းစကားပါးလိုပါတယ် ဒီရက်ပိုင်းတွင် ကျွန်တော်တို့ တပ်ရင်းနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်လျှက်ရှိပါတယ်။စကစ တပ်များမှ တိုက်ပွဲ ဖြစ်ပွါးနေသော နေရာသို့ မတိုက်ခိုက်ပဲ အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။သို့ပါ၍၂၄.၁၀.၂၀၂၅ ရက်နေ့တွင် ခရီးသွားပြည်သူတစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသည်။မိသားစုများ နှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါသည်။အများပြည်သူများအနေဖြင့် တော်လှန်ရေး တပ်များမှ ကန့်သတ်ထားသော ခွင့်မပြုသောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အနူးအညွတ်မေတ္တာရပ်ခံပါသည်။လက်နက်ကြီး ထွက်သံကြားပါက လုံခြုံသော အကာအကွယ်ရှိသောနေရာတွင် လက်နက်ကြီးသံ ကွဲးပြီးတဲ့အထိ အကာအကွယ်ယူ နေထိုင်ပေးရန်နှင့်လေကြောင်း သံ တစ်ခုခု ကြားပါက ထွက်မကြည့်ကြရန် အကာအကွယ်ယူ နေထိုင်ပေးကြရန် ထပ်မံ မေတ္တာရပ်ခံ အကြံပြုအပ်ပါသည်။
#တော်လှန်ရေး အောင်ရမည်
27/07/2025
* ကျောက်ကြီးမြို့နယ်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့စခန်းများကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး(JOC) အစီအမံဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် - ၂ စစ်ဒေသခွဲကထုတ်ပြန်ချက်အရ သိရသည်။
ရင်းတိုက်ကုန်းကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အစစ်အုပ်စုရဲ့ တပ်စခန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိခဲ့ပါတယ်။တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း(၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ၊ ၂၀ ထက်မနည်းထိမှန်ဒဏ်ရာရရှိသွားသလို စခန်းကိုလည်း စွန့်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ၊ ဒဏ်ရာရသူတစ်ချို့လည်းရှိသည်။ဟု သိရသည်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Bago