Ko Naing Bagan Car Rental Service
09/11/2019
28/09/2019
အချိန်ရှိတုန်း ပုဂံသွားပါ
ရုတ်တရက်ကြီး ဒီလိုမျိုးဒီလိုမျိုးကြားလိုက်ရတာ ရင်ထဲတစ်မျိုးကြီး ဖြစ်စေပါတယ်၊ ဟုတ်ပါတယ် .. ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းတွင်ခဲ့တဲ့ ပုဂံက တစ်စတစ်စ သဘာဝဘေးဒဏ်၊ လူဒဏ်တွေကြောင့်၊ ထိန်းသိမ်းမှုအားနည်းခဲ့တဲ့ ဒဏ်ရာတွေကြောင့် လွန်ခဲ့တဲ့ နှစ်တွေများစွာလောက် လှပမှု၊ သဘာဝဆန်မှုတွေ အားနည်းနေခဲ့ရပါတယ်။
တော်တော်များများလည်း ပုဂံရောက်ဖူးပြီးသား ဖြစ်မှာပါ .. ဒါပေမယ့် အခုထိ ပုဂံကို လုံးဝမရောက်ဖူးသူတွေလဲ ရှိကောင်းရှိဦးမှာပါ… ကျွန်တော်ကိုယ်တိုင်တောင်မှ ဒီလိုခမ်းနားထည်ဝါလွန်းတဲ့ သမိုင်းကြောင်းတွေနဲ့ ဂုဏ်ရောင်ထွန်းခဲ့တဲ့ ပုဂံကို ၂၀၁၇ နှစ်ဦးပိုင်းမှ ရောက်ခဲ့မိတဲ့အတွက် နောင်တရမိပါတယ်။ 2016 August ငလျှင် ဖြစ်ပြီးမှ ပုဂံရောက်ခဲ့တော့ စေတီပုထိုးတော်တော်များများက ပျက်ဆီးနေပြီးသားဖြစ်ပါတယ်၊ အဲ့ဒါတွေကို မြင်ရင် .. ငလျင်မလှုပ်ခင် .. ငါသာ ပုဂံရောက်ခဲ့ရင် .. ဒီထက်ပိုလှတဲ့ ပုဂံကို တွေ့ရမှာလို့ မချင့်မရဲ စိတ်မကောင်း ဖြစ်မိတယ်၊
၂၀၁၇ ခုနှစ် အစပိုင်း .. ရောက်ခဲ့တုန်းက နေ၀င်၊ နေထွက်ကြည့်ဖို့ ဘုရားတော်တော်များများ အပေါ်ကို တက်ရောက်ခွင့် ပိတ်ထားပေမယ့်၊ အချို့သော ကြံခိုင်မှု ရှိနေသေးသော စေတီ၊ ပုထိုးတော်တွေကိုတော့ တက်ရောက်ခွင့်ရခဲ့ပါသေးတယ်၊ ၂၀၁၇ နှစ်ကုန်ပိုင်းနောက်တစ်ကြိမ် ထပ်ရောက်တော့ စေတီပုထိုး တော်တော်များများ ကြံခိုင်မှုအားနည်းမှုကြောင့် တက်ရောက်ခွင့်ပိတ်ခဲ့တာကြုံခဲ့ရပါတယ်၊ အခု ၂၀၁၈ မိုးတွင်းဘက် နောက်တစ်ကြိမ် ထပ်ရောက်တော့ စေတီပုထိုးအားလုံးကို တက်ရောက်ခွင့် မရှိတော့ပါဘူး၊ အဲ့ဒါကြောင့် နေ၀င်၊ နေထွက် ပုဂံရဲ့ ရှုခင်းတွေခံစားဖို့အတွက် အစားထိုးလုပ်ပေးထားတဲ့ ကုန်းမြင့်တွေပေါ်ကနေသာ ကြည့်ရှုခွင့်ရခဲ့ပါတယ်။
ထိန်းသိမ်းမှု၊ ပြန်လည်ပြုပြင် ပြင်ဆင်မှုတွေကြောင့် ရှေးဟောင်း အမွေအနှစ်အရသာတွေကလဲ တစ်စတစ်စ တစ်ဖြည်းဖြည်း မှေးမှိန်လာတာကြောင့် .. အချိန်ရှိနေတုန်း .. အခွင့် အရေးရတုန်း .. ပုဂံကို သွားပါ။
>> ဘယ်အချိန်သွားသင့်လဲ
ရာသီမရွေးတစ်မျိုးစီ လှနေပြီး၊ ခံစားချက်တစ်မျိုးစီ ပေးစွမ်းနိုင်တဲ့ နေရာဆိုရင်တော့ ပုဂံလို့ပဲ အရင်ဆုံး ပြေးမြင်မိတာပါပဲ၊
နွေရာသီဆိုရင် ဖုန်တထောင်းထောင်ထနေတဲ့ မြေနီလမ်းလေးတွေနဲ့ ရိုးတံကျဲကျဲ အပင်အိုတို့ကြားထဲက ရွှေရောင်အတိ လွှမ်းခြုံနေတဲ့ ပုဂံကို မြင်ရမှာပါ၊ မိုးတွင်းဘက်ဆိုရင်တော့ .. မြင်မြင်သမျှစိမ်းလန်းနေပြီး မြေသင်းနံ့တွေနဲ့ စွဲမက်ဖွယ်ပုဂံကို မြင်ရစေပါတယ်၊ ဆောင်းတွင်းဘက်ကတော့ အညာဒေသရဲ့ ဆောင်းတွင်း ရသကိုအပြည့်အ၀ခံစားရစေတာကြောင့်ရယ် .. အပူချိန်အနည်းငယ် နည်းတာကြောင့် ပိုပြီး စွဲမက်ဖွယ်ကောင်းနေပါတယ်၊ ကျွန်တော့်အတွက်ကတော့ မိုးတွင်းပုဂံသွားရတာ အနှစ်သက်ဆုံးပါ။
>> ပုဂံရောက်ရင် ဘာနဲ့လည်မလဲ
ပုဂံဆိုတာက မြန်မာနိုင်ငံရဲ့ စွဲမက်ဖွယ် အကောင်းဆုံးထဲက အကောင်းဆုံးနေရာတစ်ခု ဆိုတော့ သွားရေးလာရေးအတွက် ကားနဲ့ လည်မလား၊ တုတ်တုတ်နဲ့လည်မလား၊ E-Bike နဲ့လည်မလား၊ စက်ဘီးနဲ့လည်မလား၊ မြင်းလှည်းနဲ့ လည်မလား ရွေးချယ်စရာတွေ များများစားစားရှိပါတယ်။ ပုဂံမှာ လည်ရတဲ့ ရသပိုပြီးပေါ်လွင်စေပြီး၊ ချောင်ကြိုချောင်ကြားအထိ ရှာရှာဖွေဖွေသွားလို့ရတဲ့ E-Bike၊ စက်ဘီးကတော့ အကောင်းဆုံးရွေးချယ်မှု ဖြစ်မှာပါ။
>> ဘယ်တွေသွားသင့်လဲ
ပုဂံက ဆိုတာကြီးက အကျယ်ကြီးဆိုတော့ အချိန်ရှိရင်ရှိသလောက် ရှာရှာဖွေဖွေလည်ပတ်ရင် လည်နိုင်သလောက် ကောင်းတဲ့နေရာပါ၊ အမြဲတမ်း ကြုံရတဲ့ ပြသနာက ပုဂံရောက်တိုင်း အချိန်မလောက်နေတာပါ၊ အဲ့ဒါကြောင့် ကျွန်တော်သွားခဲ့တဲ့နေရာ တွေထဲက အကြိုက်ဆုံး၊ ကျွန်တော့်အတွက် အလှဆုံး နေရာတွေ ရေးပေးခဲ့မယ်နော်၊ အဲ့ဒါမှ ရတဲ့ အချိန်လေးထဲက နေရာတွေ သေချာရွေးပြီး သွားလို့အဆင်ပြေမှာပါ။
၁. ဓမ္မရံကြီး
၂. အာနန္ဒာပုထိုးတော်ကြီး
၃. စိုးမင်းကြီးအုတ်ကျောင်း
၎. သရပါတံခါး
၅. ဆင်ဖြူရှင်ကျောင်းတိုက်ကြီး
၆. ဂူပြောက်ကြီး
၇. ရွှေလိပ်တူး
၈. အိုးထိန်းကုန်း
၉. သမ္ဗူလ ဘုရားသွားတဲ့လမ်း
၁၀. ဗူးဘုရား၊ ဧရာဝတီ မြစ်ကမ်းဘေး
၁၁. စိမ်းညက်ညီအစ်မ ဘုရား
၁၂. ပုဂံဂေါက်ကွင်းက တမာလမ်းလေး
ဒီပိုစ့်က အခုမှ ပုဂံကို မသွားရသေးသူများ၊ အခုမှ ပုဂံစပြီး သွားမည့်သူများအတွက် ရည်ရွယ်ပါတယ်။
တချို့ ဒီ Page မှာ မဖော်ပြဖြစ်ခဲ့တဲ့အကြောင်းလေးတွေ၊ ဓါတ်ပုံလေးတွေ ကျွန်တော့် Instagram အကောင့်မှာ သွားကြည့်လို့ရပါတယ်နော်။
ဒီ Link ကနေသွားရောက်ကြည့်ရှုပြီး Follow လုပ်ထားလို့ရပါတယ်။
www.instagram.com/grammephyo
Crd'
28/09/2019
#ပြန်လည်မျှဝေပေးပါရစေ
🙏ပြည့်ငါးပြည့် နှင့် ဘုရားဖူး လမ်းညွှန် 🙏
"ယခုအခါ ပုဂံတွင် "ပြည့်ငါးပြည့်" ဘုရားများ ဟူ၍ နာမည်ထင်ရှားတန်ခိုးကြီး နေသော ရုပ်ပွားဆင်းတုတော် (၅) ဆူမှာ အနော်ရထာလက်ထက်ထုလုပ်ပူဇော်ခဲ့သည့် ရေသွန်းခံကျောက်ဆင်းတုကြီးငယ် (၉) ဆူအနက်မှ ယခုကဲ့သို့ (၅)ဆူသာ အထင်ကရပွင့်လင်းကျော်ကြား လာခဲ့ ခြင်း ဖြစ်ကုန်၏ ။
ပုဂံရောက် ဘုရားဖူးများ ပြည့်ငါးပြည့် ဘုရား (၅) ဆူသို့ သွားရောက် ဖူးမြော်ကြည်ညို ကြမည် ဆိုလျှင် အလျဉ်းသင့်သလို သွားရောက် ဖူးမြော် ကြည်ညို ကြခြင်းထက် ဝါစဉ်အလိုက်သွားရောက် ၍ ဖူးမြော် ကြည်ညို ကြပါက ပိုမိုအကျိုးကျေးဇူး များ ဖြစ်ထွန်းကြပေလိမ့် မည် ဟု ထင်မြင်ယူဆ မိပါ၏။ ဝါစဉ် အရ ပြည့်ငါးပြည့် ဘုရားငါးဆူ တည်ရာ နှင့် သွားရောက်ဖူးမြော် ကြည်ညိုရမည့် လမ်းကြောင်း မှာ အောက်ပါ အတိုင်း ဖြစ်ကုန် ၏။
၁။ ရွှေဆံတော် ဘုရား အရှေ့မြောက် ထောင့်ကပ်လျက် အုတ်တိုက်ငယ် အတွင်းတည်ရှိသည့် ဉာဏ်တော် (၇) ပေ ခန့်ရှိ ကျောက်ဆင်းတုတော်ကြီး ဖြစ်ပြီး ဈာန်နမုဒြာဟန် ထုလုပ်ထားကာ အနောက်ဘက် မျက်နှာလှည့် ဖြစ်၍ အတွင်းသို့ ဝင်ရောက်ကာ ရွှေသင်္ဏန်းကပ်လှူ ဖူးမြော်ကြည်ညိုရင်း လိုရာဆုတောင်းပြည့် သည်။ ပုဂံမြို့ ဟောင်းညောင်ဦး သွား အနော်ရထာ နှစ်လမ်းမောင်း လမ်းမကြီး မှ တောင် သို့ (၁)ဖာလုံ ခန့် သွားက ရွှေဆံတော် ဘုရားခြေရင်း အထိ၊ ပုဂံမြို့ သစ် အရှေ့ထိပ်မှ မြေလမ်း အတိုင်း (၁) မိုင် နီးပါးခန့် မြောက်ဘက်သို့ သွားရောက် က ရွှေဆံတော် ဘုရား ခြေရင်းထိ ထိုလမ်းနှစ်သွယ် ဖြင့် သွားရောက်နိုင် ပါသည်။
၂။ လောကနန္ဒာ ဘုရား အရှေ့ဘက် ရင်ပြင် အရှေ့ မြောက် ထောင့်ရှိ အုတ်တိုက် တန်ဆောင်း အတွင်း ၌ ရှိသည်။ (၅) ပေခန့်ရှိ ဈာနမုဒြာ ကျောက်ဆင်းတုဖြစ်ပြီး ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူထားသည်။ အုတ်တိုက် တန်ဆောင်း အတွင်းတွင် ရောက်၍ ဖူးမြော် ကြည်ညို ကာ ရွှေသင်္ကန်း ကပ်လှူ၍ လိုရာဆုတောင်းတိုင်းရ သည်။ ပုဂံမြို့ ဟောင်းမှ ပုဂံမြို့ သစ်သွားကားလမ်း နှင့် ပုဂံမြို့သစ် မြို့ပတ်လမ်း နှစ်သွယ် မှ သွားရောက်နိုင် သည်။
၃။ ပုဂံမြို့သစ် အရှေ့မြောက် ဘက် တာမဏီ ကျောင်း အနီး အရှေ့မျက်နှာလှည့် တာမဏီသိမ် ဘုရားတွင်း ကျဉ်းကျပ်စွာ စံပ္ပာယ် လျက်ရှိသည်။ ဉာဏ်တော် (၃'၆") ခန့်ရှိ ဈာနမုဒြာ ကျောက်ဆင်းတုတော်ဖြစ်သည်။ အရှေ့ဘက် မျက်နှာ မူ၍ ကိုယ်လုံး တော်ပြည့် ရွှေသင်္ကမ်းလှူက လိုရာ ဆန္ဒ ပြည့်ဝသည်။ ပုဂံမြို့သစ်ထိက် မှ ပုဂံမြို့ဟောင်းသွား လမ်းဘေး အနောကိ ဘက် ကပ်လျက် ရှိ သည်။
၎။ ဆင်းတုတော်၂ဆူ မှာ တည်ရာ တစ်ဌာန တည်းဖြစ်ပြီး ဓမ္မရာဇကစေတီတော် အရံဂူနှစိဆူ အတွင်း၌ တစ်ဆူဆီ တည်ရှိ ကြသည်။ ဉာဏ်တော်(၇) ပေခန့်ရှိ ကျောက်ဆင်းတုတော်ကြီးမှာ အရှေ့ဘက် အရံဂူအတွင်းတွင် ရှိ သည်။ ဈာနမုဒြာဟန် နှင့်စံပ္ပါယ် လျက်ရှိ သည်။ ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူထားပြီး ဂူအတွင်းဝင်ရောက် ဖူးမြော်ကြည်ညို လျက် ရွှေသင်္ကန်း ကပ်လှူ၍ လိုရာဆုများ တောင်းဆို ရရှိ နိုင်သည်။
၅။ ဓမ္မရာဇကစေတီတော် တောင်ဘက် အရံဂူ အတွင်း ပဓာန ရုပ်များဆင်းတုတော်ကြီး ၏ ဝဲဘက် ဂန္ဓကုဋတိုက် အရှေ့တောင် ထောင့် တွင် တည်ရှိ သည်။ ဉာဏ်တော် (၃'၆") ခန့်သာ ရှိ ပြီး ပြည့်ငါးပြည့် ဘုရား (၅) ဆူတွင် ဉာဏ်တော် အရွယ်အစား အငယ်ဆုံး ဖြစ်သည်။ သွားရောက်နိုင်သော လမ်း၂ သွယ် မှာ ပုဂံမြို့ သစ် +ညောင်ဦး မြို့ပတ်လမ်း နှင့် ပုဂံမြို့ဟောင်း ဓမ္မရံကြီး+ ဓမ္မရာဇက လမ်းတို့ ဖြစ်သည် ။
🔹အထက်ပါ အကြောင်း အရာ များ ကို "မောင်ကြည်ပန်း (မြင်းကပါ) ရေးသားသော "ပုဂံ ပြည့်ငါးပြည့် -စွယ်တော်လေးဆူ ရာဇဝင် သမိုင်းထင်ရှား စေတီ ပုထိုး များမှာ " ကောက်နှုတ် တင်ပြ ခြင်း ဖြစ်ပါ သည်။
🔹Photo Credit to original uploader🔹
Credit: Photos and မောင်ကြည်ပန်း(မြင်းကပါ)
📲09 402 642 582
08/07/2019
နတ်ထောင့်ကျောင်း Zawgyi
နတ်ထောင့်ကျောင်းဟာ ပုဂံမြို့ဟောင်းက တောင်ဘီရွာမှာပြီး တောင်ဘီကျောင်း မြို့ထောင့်ကျောင်း နတ်တောင်ကျောင်း စသဖြင့်လဲ ခေါ်ကြပါတယ်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာ သစ်သားဘုန်းကြီးကျောင်းကြီးဖြစ်ပြီး ၁၉ ရာစု အလယ်ပိုင်းလက်ရာလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။
နတ်တော်ကျောင်းတော်ကို မြန်မာ့ဘုန်းတော်ကြီးကျောင်းများရဲ့ ဗိသုကာ ထုံးတမ်း စဉ်လာအတိုင်း ဆောင်မကြီး၊ ဘုရားဆောင်၊ ပြသဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင် အပြင် ပတ်လည် စင်္ကြန်လျှောက်လမ်း တို့ဖြင့် ဖွဲ.စည်းတည်ဆောက်ထားပါတယ်။ တိုင်လုံးပေါင်း ၁၆၀ ကျော်ကို သုံးထားပြီး တိုင်အခြေမှာ အုတ်ဖိနပ် ခံထားပါတယ်။ ပင်မဆောင်ကြီးက ပေ ၁၃၀ x ၁၁၅ အကျယ်ရှိပါတယ်။ ပြာဿာဒ် အဆင့်ဆင့်ကို အနုပညာမြောက် ပန်းပုပန်းဆွဲများစွာကို သုံးပြီး တန်ဆာဆင်ထားပါတယ်။ ကျောင်းတွင်းရှိ တိုင်များမှာလဲ ပန်းပု ရုပ်ကြွလေးများဖြင့် အလှဆင်ထားပြီး မျက်နှာကြတ်မှာလဲ ပန်းပုလက်ရာများကို တွေ့နိုင်ပါတယ်။ ယခင်ပြန်ဆောက်ထားတဲ့ အုတ်လှေကားနေရာမှာ မြန်မာမှုလက်ရာ နရားခံလှေကားကို အစားထိုးထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပုဂံရောက်ရင် သွားရောက်လေ့လာသင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါပဲ။
နတ်ထောင့်ကျောင်း Unicode
နတ်ထောင့်ကျောင်းဟာ ပုဂံမြို့ဟောင်းက တောင်ဘီရွာမှာပြီး တောင်ဘီကျောင်း မြို့ထောင့်ကျောင်း နတ်တောင်ကျောင်း စသဖြင့်လဲ ခေါ်ကြပါတယ်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာ သစ်သားဘုန်းကြီးကျောင်းကြီးဖြစ်ပြီး ၁၉ ရာစု အလယ်ပိုင်းလက်ရာလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။
နတ်တော်ကျောင်းတော်ကို မြန်မာ့ဘုန်းတော်ကြီးကျောင်းများရဲ့ ဗိသုကာ ထုံးတမ်း စဉ်လာအတိုင်း ဆောင်မကြီး၊ ဘုရားဆောင်၊ ပြသဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင် အပြင် ပတ်လည် စင်္ကြန်လျှောက်လမ်း တို့ဖြင့် ဖွဲ.စည်းတည်ဆောက်ထားပါတယ်။ တိုင်လုံးပေါင်း ၁၆၀ ကျော်ကို သုံးထားပြီး တိုင်အခြေမှာ အုတ်ဖိနပ် ခံထားပါတယ်။ ပင်မဆောင်ကြီးက ပေ ၁၃၀ x ၁၁၅ အကျယ်ရှိပါတယ်။ ပြာဿာဒ် အဆင့်ဆင့်ကို အနုပညာမြောက် ပန်းပုပန်းဆွဲများစွာကို သုံးပြီး တန်ဆာဆင်ထားပါတယ်။ ကျောင်းတွင်းရှိ တိုင်များမှာလဲ ပန်းပု ရုပ်ကြွလေးများဖြင့် အလှဆင်ထားပြီး မျက်နှာကြတ်မှာလဲ ပန်းပုလက်ရာများကို တွေ့နိုင်ပါတယ်။ ယခင်ပြန်ဆောက်ထားတဲ့ အုတ်လှေကားနေရာမှာ မြန်မာမှုလက်ရာ နရားခံလှေကားကို အစားထိုးထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပုဂံရောက်ရင် သွားရောက်လေ့လာသင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါပဲ။
Aunghein PhoeKhwar
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bagan
262889