Su Chan Learning Corner
21/02/2026
ရွှေအီးတုံးလေးများ😁😁
ချစ်ဖို့ကောင်ပြီးနည်းနည်းကို့ယို့ကားရားနိုင်တဲ့အယူလေးတစ်ခု
ရွှေအီးတုံးလေးတွေဆောင်ထားရင်ချမ်းသာကြွယ်ဝတာ အောင်မြင်တိုးတတ်တယ်ဆိုတဲ့ အယူလေးရှိတာမို့ရွှေအီးတုံးလက်ဆောင်ပေးခံရရင် သဘောကျတတ်ကျပါသတဲ့😁
うんこ(Unko)💩
うん(un)運 🍀
ဂျပန်အသံထွက်နဲ့ဆိုရင် အီးတုံးနဲ့ကံ ကရှေ့အသံထွက်ခြင်းတူနေပြီး
金のうんこ(kin no unko)=ရွှေအီးတုံး
金の運(kin no un)=Golden luck
နဲ့အသံထွက်ခြင်းဆင်နေတာမို့ သံတူကြောင်းကွဲဟာသအနေကနေ ဖြစ်ပေါ်လာတာပါတဲ့😁
အားလုံးလည်းယန်းတွေပွါးပြီး အောင်မြင်စေဖို့ ရှဲပေးလိုက်ပါတယ်😁😁😁
31/01/2026
魚のエサを売ってる牛🐮
ငါးစာရောင်းနေတဲ့နွားလေး😊
自動販売機(စျေးရောင်းစက်)တွေနဲ့အသားကျနေတဲ့ စက်ရုပ်ပုံစံ ဂျပန်မှာ ဒါမျိုးချစ်စရာကောင်းတာလေးတွေလည်းရှိသေးတယ်😊
နွားလေးဗိုက်ထဲ ယန်း၁၀၀ထည့်ပြီး ငါးစာယူ ပြီးရေကန်နားသွားကျွေးယုံဘဲ😁
ဖိနပ်စီးထားတဲ့ နွားလေးက စျေးရောင်းတော်တာ
သူ့မျက်နှာမြင်တာနဲ့ကိုဝယ်ချင်
ကိုယ်ဝယ်တုန်းက ခြင်းအပြည့် ကျွေးပြီးသွားပြန်ဝယ်တော့ သူပါခြင်းအောက်ရောက်နေ😁😁
30/01/2026
၇လပိုင်း အတွက် အတန်းမဖွင့်နိုင်ခဲ့ပေမယ့် သတိတရနဲ့ အောင်မြင်ကြောင်းလာပြောပေးတဲ့ ကလေးလေးတွေ🥰🥰🥰🥰🥰🥰
ကိုယ်တိုင်လည်း သင်ယူဆဲ လေ့လာဆဲ ကတုံးကတိုက်နဲ့ပြည့်စုံနေတာမျိုးမဟုတ်ပေမယ့်
ဒါမျိုးလေးတွေမြင်ရရင် အားတွေရှိ
တကယ်တကယ် ကြွားပြောတာမဟုတ်ဖူး SuChanက ကလေးတွေ တကယ်ဇွဲရှိကြတာပါဆို😁
ကဲ ဒီတစ်ခေါက် ၂၀၂၆နှစ်သစ်မှာစခဲ့တဲ့ လက်ရှိအတန်းက N1 N2ဆရာကြီး ဆရာမကြီးများ ၂၀၂၆နှစ်မကုန်ခင် အောင်လက်မှတ်ယူဖို့ Readyဘဲလား😉
12/01/2026
N1 新幹線マスター文法ထဲက ならではဆိုတဲ့ 文法လေးကို မှတ်မိသွားအောင် ပုံလေးနဲ့တွဲမှတ်ကြမယ်
🍋ならでは(~မှာသာလျှင်)
N+ならでは
「それだけからこそ」「その特有」
他ではできない 他のない
~မှာဘဲ ရနိုင်တယ် အခြားနေရာမှာ မရှိနိုင်ဖူး
သူ
例文
1。広島の牡蠣(かき)🦪ならではの濃い味が大好きです。
ဟီရိုရှီမားရဲ့ ဂုံးတွေမှာသာရနိုင်တဲ့ လေးလေးပင်ပင်အရသာကို အရမ်းကြိုက်😋
2。ぷりぷりした食感は、広島の牡蠣ならではの美味しさです。
အိတုန်အိတုန်လေးဖြစ်နေတဲ့ ပုံလေးက ဟီရှိုရှီမ
ားမှာပဲ ရနိုင်တဲ့ အရသာရှိမှုလေးပါ🤗
နားလည်သွားမယ်လို့မျှော်လင့်ပါတယ်
ကိုယ်နေတဲ့ဒေသမှာဘဲရနိုင် ခံစားနိုင်တဲ့ အရာလေးတွေကို comment မှာ shareပေးသွားဦးနော်😉
10/01/2026
ヘロヘロ အလွန်အမင်းပင်ပန်းသော
遊び(あそび) ဆော့သည်။လည်သည်
#オノマトぺ
#ဂျပန်စာ
ここをクリックしてあなたのスポンサー付きリスティングを獲得。