Nyinyi Lwin

Nyinyi Lwin

Share

11/07/2023

ငါက သိပ်လှတယ် ...🙆

ငါက ချမ်းသာတယ်...

လူတိုင်းက ငါ့ကိုချစ်ခင်ကျတယ်...💑

ငါမရှိလို့မဖြစ်ဘူး ဆိုတဲ့ အတွေးတွေ ဖယ်ထုတ်လိုက်ပါ။🙅🙅🙅

သင်သေသွားတာနဲ့ သင်သိပ်ချစ်တဲ့မိသားစုက👪👪

သင့်ကိုမြေကြီးထဲထည့်ဖို့ စီစဉ်ကြမှာပါ

သူတို့ခဏတာ ဝမ်းနည်းကြမယ်😓😓

အချိန်ကာလ တခုအကြာမှာသူတို့အားလုံး 🕑🕑🕑

ပုံမှန် ပြန်ဖြစ်သွားမှာပါ

အဲ့ဒီအတွက် ကြောင့် ကိုယ်တိုင်လုပ်မှ

အပြန်ခရီးလှမှာဖြစ်တယ် အလ္လာဟ်အရှင်မြတ်

အမိန့်တွေကို လျစ်လျူရှုပြီး မတည်မြဲတဲ့

လောကကြီးအတွက် မိမိအချိန်တွေကို……

မကုန်ဆုံးလိုက်ပါနဲ့

01/02/2023

ကော်ပီလေးပါဗျ ကြိုက်လို့

လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
————————–———–
သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
————————–———
လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊
————————–———
ဒီအတွက်ကြောင့်….
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ…
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…
————————–———–
နောက်ဆုံးတော့…
သိတာလည်း အားလုံးမပြောနဲ့…
မြင်တာလည်း အားလုံးမယုံနဲ့….
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့……….။

Want your business to be the top-listed Media Company in Basse Santa Su?
Click here to claim your Sponsored Listing.

Telephone

Address

Basse Santa Su